သိန္နီမြို့ရှိ မြို့တွင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သိန္နီ၊  ၁၇  ဒီဇင်ဘာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့တွင် မြို့တွင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင် နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် ငွေလုံးငွေရင်း ရန်ပုံငွေ (ပြည်နယ်ဘတ်ဂျက်)ဖြင့် ဆောင်ရွက်လျက်ရှိသည့် သိန္နီမြို့ ရပ်ကွက်(၃)အတွင်းရှိ မဂ္ဂင်လမ်း(သူဇာလမ်းနှင့် ဂန္ဓမာလမ်းကြား)၌ ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလမ်းမှာ အလျား ၅၄၂ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မဖြစ်ပြီး လုပ်ငန်းများပြီးစီးပါက ရပ်ကွက်(၃)အတွင်းရှိ ပြည်သူများ၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖိုးချို( ပြန်/ဆက်)