သိန္နီမြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်  စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကျင်းပ

သိန္နီ    ဒီဇင်ဘာ    ၂၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေဇင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

 

ထိုသို့ကျင်းပရာ၌ စာစီစာကုံးပြိုင်ပွဲတွင် “(၇၅)နှစ်မြောက် စိန်ရတုမှသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးပန်း အစဉ်လန်းဖို့ ဒို့သွေးချင်းတို့ လက်တွဲစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် “ မြတ်နိုးသင့်ပေ ချစ်အမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

 

စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများသို့ သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများသည် ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ မြို့နယ်အဆင့်ဆုများအား (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)