သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ဟိုပုံးမြို့နယ် ထမ်းဆမ်းလိုဏ်ဂူတော်နှင့် ဟိုပုံးဆည်တို့တွင် ဘုရားဖူးဧည့်သည်များနှင့် လာရောက်အပန်းဖြေသူများဖြင့်စည်ကားနေ

mdn

ဟိုပုံး   ၁၄   အောက်တိုဘာ  

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ထမ်းဆမ်းလိုဏ်ဂူတော်နှင့် ဟိုပုံးဆည်တို့တွင် သီတင်းကျွတ်ရုံးပိတ်ရက်ကာလဖြစ်သည့် အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ ရုံးပိတ်ရက် ၅ ရက်တွင် မိသားစုအလိုက်၊ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများအလိုက် လာရောက်ဘုရားဖူးများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

 

 

 "ကျွန်တော်ကတော့ ဆီဆိုင်မြို့နယ်ကနေလာတာပါ မိသားစုနဲ့ပျော်ပျော်ပါးပါး သီတင်းကျွတ် တစ်ခါ၊ တန်ခူးတစ်ခါ ဘုရားလာဖူးဖြစ်တယ် စိတ်အပန်းဖြေတဲ့အနေနဲ့ လာတာပါ" ဟု ဘုရားဖူး ဧည့်သည်တစ်ဦးက ပြောသည်။ 

 

 

ဘုရားဖူးဧည့်သည်များသည် ဟိုပုံးထမ်းဆမ်းလိုဏ်ဂူတော်အတွင်း အပြင်လေ့လာ၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ ဟိုပုံးထမ်းဆမ်းလိုဏ်ဂူတော်တွင်ကျွေးသော သက်သက်လွတ် ထမင်းကို စားသုံးပြီးမှ ပြန်လည်ထွက်ခွာ နေတာကိုလည်း တွေ့ရှိရသည်။

 

 

အလားတူ ဟိုပုံးမြို့မဆည်တွင်လည်း ရေကူးသူများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

 

ခွန်ရဲထွေး(ဆီဆိုင်)

 

mdn

 

mdn