သီတင်းကျွတ်လပြည့်ညတွင် (၁၆)ပြည်ထောင် ဝင်္ကပါနှင့်ဆီမီး(၉၀ဝ၀)ထွန်းညှိပူဇော်ပွဲကျင်းပ

တပ်ကုန်း     ၁၄     အောက်တိုဘာ     

 

နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာ၊ ပရိယတ္တိစာသင်တိုက် ကျောင်းပရိဝုဏ်အတွင်း  (၁၆)ပြည်ထောင် ဝင်္ကပါနှင့် ဆီမီး(၉၀ဝ၀) ထွန်းညှိပူဇော်ပွဲကြီးကို အောက်တိုဘာ ၁၃ရက် ည၇နာရီက စတင်ကာ ဒေသခံပြည်သူများ ရာထောင်ချီသော ဆီမီးခွက် များကို ထွန်းညှိကိုင်ဆောင်ပြီး၊ ကျေးရွာအတွင်းရှိ လမ်းများတွင် အလှပြလှည့်ပြီးနောက် ဝင်္ကပါအား လှည့်လည်ပြီး အလယ်ဗဟိုရှိ ဘုရားရှင်စံကျောင်းတော်သို့ ပူဇော်၍ အေးချမ်းပျော် ရွှင်စွာဆင်နွှဲကြကြောင်း သိရသည်။

 

တင်စိုးလွင်( ပြန်/ဆက်)