သီတင်းကျွတ်လပြည့်နေ့တွင် ကျိုက်မရော ဆုတောင်းပြည့် ဘုရားကြီး၌ ခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိ

ကျိုက်မရော  အောက်တိုဘာ    ၁၃

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ကျိုက်မရော ဆုတောင်းပြည့်ဘုရားကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓ္ဓမာနေ)၌  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ခရီးသွားပြည်သူများ၊ ဥပုသ်သီတင်း ဆောက်တည်သူများ၊ အပန်းဖြေ အနားယူ သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ကျိုက်မရောမြို့၏ လှပသော ထန်းပင်တန်း တစ်လျှောက်တွင်လည်း အပန်းဖြေ အနားယူသူများ၊ ဓာတ်ပုံရိုက်သူ များလွန်း၍ ကားတန်းကြီးများ ခေတ္တရပ်နားရသည်အထိ စည်ကားလျက်ရှိသည်။

 

ရုံးပိတ်ရက်ရှည်ဆိုတော့ လာတဲ့သူတွေကလည်း ဝန်ထမ်းတွေ များပြားကြောင်း၊ ယခင်နှစ် သီတင်းကျွတ်ပွဲက အခုလို ရုံးပိတ်ရက်ရှည်မရှိတော့ ခရီးသွားအပန်းဖြေ အနားယူသူ ယခုလောက် မများခဲ့ကြောင်း အပန်းဖြေ အနားလာယူသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)