သီတင်းကျွတ်လပြည့်နေ့ည၌ ဟင်္သာတမြို့တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ဟင်္သာတ အောက်တိုဘာ ၁၄

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများတွင် အောက်တိုဘာ ၁၃ ရက် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းမှစတင်ပြီး ဘုရားဖူးပြည်များဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

 

ပြည်လုံးကပ်ကျော် ဦးပါရဲစေတီတော်နှင့် မြို့သူကြီးစေတီတော်တို့တွင် ပန်း၊ဆီမီးကပ်လှူသူ၊  ပရိတ်ပဌာန်းရွတ်ဖတ်ပူဇော်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သည့် ပြည်သူများဖြင့် ညပိုင်းအချိန်ထိ လွန်စွာ စည်ကားများပြားခဲ့ကြောင်း သိရှိရပါသည်။

 

ကျော်ကျော်(ပြန်/ဆက်)