သီတင်းကျွတ်လပြည့်နေ့ ညပိုင်း ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရားများ ဒေသခံများမှ ဆီမီးပူဇော်ခဲ့ကြ

ညောင်ဦး   ၁   နိုဝင်ဘာ 

၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းဘုရားများ၌ ညနေ ၆ နာရီအချိန်မှစတင်ကာ ဆီမီးပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဓမ္မရံကြီးဘုရားအပြင်ဘက်မှ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့သည့် ဦးအောင်ခိုင်ထံက သိရသည်။

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားများ ပုဂံ-ညောင်ဦး ဒေသခံများက သီတင်းကျွတ် လပြည့်နေ့ ဆီမီးကပ်လှူခြင်းများအား ဓမ္မရံကြီးဘုရားအပြင်ဘက်တွင် ဆီမီးတစ်ထောင်လှူဒါန်း ပူဇော်ခြင်း၊ ဆင်များရှင်ဘုရားတွင် ဆီမီးကပ်လှူခြင်း၊ အလိုတော်ပြည့်ဘုရားရင်ပြင်တွင် ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ စူဠာမဏိဘုရားတွင် ဆီမီးကပ်လှူခြင်း၊ ရွာဟောင်းကြီးဘုရားနှင့် ပတ်ဝန်းကျင် ဘုရားများ၊ အနော်ရထာလမ်းမကြီး ဝဲ/ယာ ဘုရားများ၊ မြင်းပြဂူပတ်ဝန်းကျင် ဘုရားများ၊ ရွှေဆံတော် ပတ်ဝန်းကျင်ဘုရားများ၊ မြင်းကပါကျေးရွာ ပတ်ဝန်းကျင်ဘုရားများ၊ အပယ်ရတနာ ဘုရားဝင်းဘုရားများ၊ နဂါးရုံပတ်ဝန်းကျင် ဘုရားများ၊ ခေမင်္ဂဘုရားဝင်းဘုရားများကို ဒေသခံများက ညနေ ၆ နာရီအချိန်က စတင်ကာ ဆီမီးကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း