သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)စာသင်သား သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ

ကျွန်းလှ  ၁၇   ဇန်နဝါရီ

 

            

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ကြားနေသော စာသင်သား သံဃာတော်များအား ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၇ နာရီက ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။

 

6

         

အဆိုပါ စာသင်သား သံဃာတော်အပါး(၇၀)ကျော်တို့အား ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ဒေသခံပြည်သူတို့က ဆွမ်းဆန်စိမ်း အစရှိသော လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)