သီရိလင်္ကာနိုင်ငံ၌ ခရီးသွားလုပ်ငန်း ပြန်လည်သက်ဝင်လာသဖြင့် နိုင်ငံခြားဝင်ငွေတိုးလာ

မတ် ၁၅

 

သီရိလင်္ကာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ပထမနှစ်လအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၅၈၃ သန်းခန့်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်က ထိုကာလအတွင်း ဒေါ်လာ ၁၆ ဒသမ ၄ သန်းရှိကြောင်း ဗဟိုဘဏ်မှရရှိသောအချက်အလက်များအရ သိရသည်။

 

ခရီးသွားလုပ်ငန်းမှ ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၃၁၄ ဒသမ ၅ သန်းရရှိခဲ့ပြီး ဇန်နဝါရီလက ဒေါ်လာ ၂၆၈ သန်းရရှိခဲ့သည်ဟု ထိုအချက်အလက်တွင် ဖော်ပြထားသည်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ ခရီးသွားဧည့်သည် ၁၇၈၈၃၄ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ထိုကာလက ခရီးသွားဧည့် ၅၀၄၇ ဦးသာ ဝင်ရောက်ခဲ့သည်။

 

ယခုနှစ် မတ်လ ၆ ရက်နေ့အထိ ခရီးသွားဧည့်သည် ၂၀၀၇၉၈ ဦးဝင်ရောက်ခဲ့ရာ ၂၀၂၁ ခုနှစ်က ခရီးသွားဧည့်သည်ဝင်ရောက်မှုထက်ပိုမိုများပြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို