သီရိလင်္ကာနိုင်ငံ၌ စက်သုံးဆီဈေးနှုန်း စံချိန်တင် မြင့်တက် 

ကိုလံဘို   ဧပြီ   ၁၉ 

သီရိလင်္ကာနိုင်ငံပိုင်    ဆိုင်လွန် ရေနံကော်ပိုရေးရှင်းက   ၎င်း၏ ရေနံဈေးနှုန်းများကို   ဧပြီ   ၁၈ ရက်မှစကာ မှတ်တမ်းတင်ဖော်ပြ ရသည့်   ပမာဏအထိ   တိုးမြှင့် လိုက်သည်။ 

နောက်ဆုံး  ဈေးနှုန်းမြင့်တက် မှုနှင့်အတူ   အောက်တိန်း   ၉၂ ဈေးနှုန်းသည်   တစ်လီတာလျှင် သီရိလင်္ကာရူပီး ၃၃၈ (အမေရိကန် ဒေါ်လာ  ၁  ဒသမ  ၀၄) အထိ စံချိန်တင်  မြင့်တက်လာခဲ့သည်။ ထို့အတူ ဒီဇယ်ဈေးနှုန်းမှာလည်း တစ်လီတာလျှင် သီရိလင်္ကာရူပီး ၂၈၉ အထိ မြင့်တက်လာခဲ့သည်။

စက်သုံးဆီများကို      သတ် မှတ်နှုန်းထားထက်   လျော့နည်း ရောင်းချခဲ့သည့်အတွက်  တစ်နေ့ လျှင် ရူပီး ၈၀၀ မှ ၁၀၀၀ ကြား ဆုံးရှုံးလျက်ရှိကြောင်း ဆိုင်လွန် ရေနံကော်ပိုရေးရှင်းဥက္ကဋ္ဌ ဆူမစ် ဝီဂျက်ဆင်ဟီက    လွန်ခဲ့သော သီတင်းပတ်က    ပြောကြားခဲ့ သည်။

ယခုနှစ်အတွင်း  ဆိုင်လွန်ရေနံ ကော်ပိုရေးရှင်းအနေဖြင့် စက်သုံး ဆီဈေးနှုန်း   တိုးမြင့်ခဲ့သည်မှာ ပထမဆုံးအကြိမ်   မဟုတ်ပေ။ ဆိုင်လွန်   ရေနံကော်ပိုရေးရှင်း သည် ဧပြီ ၁၅ ရက်က စက်သုံးဆီ     ခွဲတမ်းစနစ်ကို    ကျင့်သုံးခဲ့သည်။            
                
ဆင်ဟွာ