သီရိလင်္ကာနိုင်ငံမှာ သောင်တင်နေတဲ့ ဝေလငါး ၁၀၀ နီးပါး ကယ်တင်နိုင်ခဲ့

၄ နိုဝင်ဘာ

 

သီရိလင်္ကာ မြောက်ပိုင်း ကမ်းရိုးတန်းမှာ သောင်တင်နေတဲ့ ဝေလငါး ၁၀၀ နီးပါးကို ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ပရဟိတလုပ်သားတွေက ကယ်တင်လိုက်နိုင်ကြောင်း သိရပါတယ်။

 

မြို့တော် ကိုလံဘိုရဲ့ တောင်ဘက် ၁၅ မိုင် အကွာရှိ ပန်နာဒူရာ ကမ်းခြေမှာ ဝေလငါး အကောင် ၁၀၀ နီးပါး သောင်တင်ခဲ့ကြောင်း ဒေသခံရဲအရာရှိက ပြောပါတယ်။

 

ဒေသခံတွေရဲ့ အကူအညီနဲ့ ဝေလငါးတွေကို သမုဒ္ဒရာထဲကို တွန်းထိုးလွှတ်နိုင်ခဲ့ကြောင်း၊ ဒါပေမယ့် ဝေလငါးတွေက ကမ်းခြေကို ပြန်လာနေတဲ့အတွက် ရေတပ် ရဲ့အကူအညီကို ရရှိခဲ့ရကြောင်း ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလက ဩစတြေးလျားနိုင်ငံ တက်စမေးနီးကျွန်းမှာလည်း အလားတူ အဖြစ်အပျက်မျိုး ဖြစ်ခဲ့ပါတယ်။ ဝေလငါး အကောင်ရေ ၄၇၀ သောင်တင်ခဲ့ရာ ၁၁၀ နီးပါးကို ကယ်တင်ခဲ့နိုင်ပါတယ်။

 

ဘာကြောင့် ဝေလငါးတွေ သောင်တင်ခဲ့တယ်ဆိုတာကို မသိသေးတဲ့အတွက် ပညာရှင်တွေက ဆက်လက် လေ့လာနေဆဲဖြစ်ပါတယ်။

 

 

 

MDN

ကိုးကား - AFP