သီးနှံ(စပါး)မျိုး ပြောင်းလဲစိုက်ပျိုးရေး နည်းပညာဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

ခန္တီး  ၈  မတ်

 

သီးနှံ(စပါး)မျိုး ပြောင်းလဲစိုက်ပျိုးရေး နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ခရိုင်စိုက်ပျိုးရေးရုံး၌ ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် နေပြည်တော် စိုက်ပျိုးရေးနှင့် သုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါက်တာပေါင်ရှင့်ကမ်းက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(AFFM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် နည်းပညာပိုင်းဆိုင်ရာကို ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် ယာ-၈ စပါးမျိုး၊ ခေါက်ဖိဖန်၊ ရှမ်းပြည်နယ်က ရွှေရင်အေးစပါးမျိုးနှင့် တရုတ်ပြည်ယူနန်က ထွက်သည့် Yanlu-31 စပါးမျိုးကို ဒေသတွင်း စမ်းသပ်စိုက်ပျိုးရန် စိုက်ပျိုးရေးသုတေသနအရာရှိက တောင်သူများကို ပေးအပ်ခဲ့သည်။

 

စနေမောင်(ခန္တီး)