သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာစာတမ်း ဆွေးနွေးပွဲကျင်းပ

 

 

ရန်ကုန်                        စက်တင်ဘာ                 ၂၈

 

မြန်မာနိုင်ငံ၏ စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန်များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ စာတမ်းရှင်း
လင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက “တောင်သူများအနေဖြင့်
စပါးအပါအဝင် သီးနှံမျိုးစုံ စိုက်ဧကများ တိုးချဲ့ပြီး တစ်ဧကအထွက်နှုန်းတိုးအောင် စိုက်ပျိုးကြရန်နှင့် ဇုန်အလိုက် စိုက်ပျိုးဖြစ်ထွန်းနိုင်မည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးနိုင်ရန်” ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးက “ညှိနိုင်းပေါင်းစပ် ဖြည့်ဆည်းပေးမည့် အစီအစဉ်များ”ကို ပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက “မြန်မာနိုင်ငံ၏ စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန်များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာစာတမ်း”အား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူများက အကြံပြုဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က “စိုက်ပျိုးရေးကဏ္ဍတွင် စပါးအပြင် စားသုံးဆီ
ထုတ်လုပ်နိုင်သည့် သီးနှံများ၊ ဟင်းသီး ၊ ဟင်းရွက်နှင့် သီးနှံအမယ်စုံ စိုက်ပျိုးနိုင်ရေး၊ သဘာဝ မြေသြဇာများ ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေး၊ မိုးရာသီကာလ ဆည်မြောင်းများမှ ရရှိသောရေဖြင့် နွေစပါးကို ဧကများများ စိုက်ပျိုးနိုင်ရေး၊ တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်အောင် ဝိုင်းဝန်း လုပ်ဆောင်ပေးရေး စသည့် လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန် /ဆက်)