သွေးလွန်တုပ်ကွေးရောဂါ သတိပြုပါ

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများမှာ

• ရုတ်တရက်အဖျားတက်လာခြင်းနှင့်အတူ

  •  ခေါင်းကိုက်ခြင်း
  •  တစ်ကိုယ်လုံးကိုက်ခဲခြင်း
  •  ပျို့ခြင်း၊ အန်ခြင်း၊ မစားချင်မသောက်ချင်ဖြစ်ခြင်း
  •  ခန္ဓာကိုယ်တွင် အစက်အပြောက်များပေါ်လာခြင်းတို့ ဖြစ်တတ်ပါသည်။

• ပုံမှန်ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သည့် တုပ်ကွေးရောဂါနှင့်လည်း ကွာခြားမှုမရှိသောကြောင့်များသောအားဖြင့် သွေးလွန်တုပ်ကွေးမှန်း မသိလိုက် ကြပါ။

• ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် စစ်ဆေးကြည့်လျှင် လက်ဖျံတွင်အစက်အပြောက်များပေါ်လာသည်ကို တွေ့နိုင် ပါသည်။

• သွေးလွန်တုပ်ကွေးရောဂါသည် အခန့်မသင့်ပါကသွေးထွက်ခြင်း၊ သွေးလန့်ခြင်းနှင့် အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်ပွားနိုင်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန