သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေး ခတ်ပေးခြင်း ဆောင်ရွက်

ဒေးဒရဲ  ၁၃   မေ 

 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာအတွင်းရှိ နေအိမ်များသို့ ကျန်းမာရေးကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ သွားရောက်ပြီး သွေးလွန်တုပ် ကွေးရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ရေစည် ရေအိုးရေကန်များထဲသို့ အဘိတ်ဆေးခတ်ပေးခြင်း ကို ယနေ့ နံနက် ၈နာရီက  ဆောင်ရွက်ခဲ့ကြသည်။

 


အဆိုပါ အဖွဲ့သည် မိုးဦးကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါများအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် တစ်အိမ်တက်ဆင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး  နေအိမ်ရှိ ရေစည်ရေအိုး ရေတိုင်ကီ ရေကန်များထဲသို့ အဘိတ်ဆေးများခတ်ပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

 


မြင့်မြင့်ခိုင်(ပြန်/ဆက်)