သေဒဏ်၏ နောက်ကွယ် . . . . 

အမှန်တရားဘက်တော်သား

ဇူလိုင်လ ၂၅ ရက်နေ့  နိုင်ငံပိုင်သတင်းစာများ၌ သေဒဏ်ကျခံရသူများဖြစ်သည့် ဖြိုးဇေယျာသော်၊ ဂျင်မီ၊ လှမျိုးအောင်နဲ့ အောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ပြီးစီး သွားကြောင်း သတင်းဖော်ပြပါရှိခဲ့သည်။ 

သတင်းဖော်ပြမှုနှင့်အတူ ပြစ်ဒဏ် စီရင်ပြီးစီးမှုအပေါ်      အမျိုးမျိုးသော ဝေဖန်မှုများကို လူမှုကွန်ရက်စာမျက်နှာ တွင် မြင်တွေ့ရသည်။ သေဒဏ်ပေးခံရ သူများကို အာဇာနည်များ၊ သူရဲကောင်း များဟူ၍      အမွှမ်းတင်ကြသူများ၊ ဝမ်းနည်းကြေကွဲကြသူများ စသည်ဖြင့် မြင်တွေ့ရသည်။ အထူးသဖြင့် ပြည်ပ ရောက် အကြမ်းဖက်အဖွဲ့အစည်းများမှ လေလှိုင်းထဲက ခေါင်းဆောင်ဆိုသူများ၊ ယင်းတို့နှင့်ဆက်စပ်သူ အသိုင်းအဝိုင်း များက   အထူးတလည်  ဝမ်းနည်းကြ သည်။  နိုင်ငံတကာအဖွဲ့အစည်းအချို့ နှင့် နိုင်ငံခြားတိုင်းပြည် အချို့ကလည်း သေဒဏ်ပေးခံရမှုအပေါ်      ဝမ်းနည်း ကြောင်း ထုတ်ဖော်ပြသကြသည်။ 

ရုတ်တရက်မြင်တွေ့ရသူတို့၊ အခြေ အနေမှန်ကို သဘောမပေါက်သူတို့အဖို့ ဒီမိုကရေစီအတွက်    တိုက်ပွဲဝင်နေသူ လေးဦး ကျဆုံးသွားသည်ဟု ထင်မိနိုင် သည်။    သို့ရာတွင်     ထိုသူများသည် ဒီမိုကရေစီအတွက်      ငြိမ်းချမ်းစွာ ဆောင်ရွက်ခြင်းကြောင့် သေဒဏ်ကျခံ ရခြင်းမဟုတ်၊         နိုင်ငံရေးသမားမို့ သေဒဏ်ကျခံရခြင်းမဟုတ်။ လူ့အသက် များကို    တန်ဖိုးမထား    ရက်စက်စွာ သတ်ဖြတ်ခြင်းဖြစ်သည့် နိုင်ငံတကာက ပြင်းပြင်းထန်ထန်   ဝေဖန်ရှုတ်ချသည့်အကြမ်းဖက်ခြင်းကို      လုပ်ဆောင် သဖြင့် သေဒဏ်ကျခံရခြင်းဖြစ်သည်ကိုမူ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း ကမျှ ဆက်လက်ဆွေးနွေးကြသည်ကို မမြင်ရ။ သူတို့ကို ဘာကြောင့် သေဒဏ် ပေးသလဲဟူသည်ကို မည်သူမျှ ဆွေးနွေး ခြင်း မပြုကြ။ 
လူတစ်ဦးသေဆုံးခြင်းကို  မည်သူ ကမျှ ဝမ်းသာကြမည်မဟုတ်။ သို့သော် အထက်ပါ သေဒဏ်ပေးခံရသူများသည် ဘုရားဖူးသွားရင်း    လုပ်ကြံခံရသူများ မဟုတ်၊     ဝမ်းစာအတွက်    ပျိုးထောင်၊ ဈေးရောင်းရင်း   သေမှန်းမသိ  သေခဲ့ရ သူများမဟုတ်၊    ကျောင်းဝင်းအတွင်း သီတင်းသုံး      ဆွမ်းဘုဉ်းပေးနေစဉ် ရုတ်တရက်သေနတ်ဖြင့်      ပစ်ခတ် သတ်ဖြတ်ခံရသူများမဟုတ်၊ ကျောင်း သားတို့    စာသင်နိုင်ကြဖို့  တာဝန် ထမ်းဆောင်သဖြင့် အသတ်ခံရသူများ မဟုတ်။    ဆိုရလျှင်     ထိုသူတို့သည် အပြစ်မဲ့ပြည်သူများနှင့်      တာဝန်ခံမှု ရှိသည့် ပြည်သူ့ဝန်ထမ်းများကို နှိပ်စက် သတ်ဖြတ်ခဲ့၊ နောက်ကွယ်က စေခိုင်းခဲ့ သည့် အကြမ်းဖက်သမားများဖြစ်သည်။ အကယ်၍ မဖမ်းမိခဲ့ပါက နောက်ထပ်၊   နောက်ထပ်   လူ့အသက်ပေါင်းများစွာ ထပ်မံ၍ ပျက်စီးခြင်းနှင့် ကြုံနိုင်သေး သည်။    ထို့ကြောင့်   ဥပဒေနှင့်အညီ သူတို့၏     ပြစ်ဒဏ်ကို    မလွဲမသွေ ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

သေဒဏ်ခံရသူတို့အပေါ် ဝမ်းနည်း နှမြောတသဖြစ်၍ ယူကျုံးမရသူများကို အကြံပြုလိုပါသည်။       ထိုသူများက သတ်ဖြတ်ခဲ့သဖြင့်  အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရစဉ်က သင်တို့မည်သို့တွေးခဲ့ ကြပါသလဲ။ အပြစ်မဲ့သေဆုံးရသူများတွင် လည်း မိခင်၊ ဖခင်၊ မောင် ဖား၊ ချစ်သူ၊ အိမ်သူ၊ သား၊ သမီး စသည်ဖြင့် အနှောင် အဖွဲ့များ ရှိကြသည်။ ထိုသူတို့၏ အပူမီး ကိုရော သင်တို့ ခံစားမိခဲ့ပါသလား။ ယခု ပြစ်ဒဏ်မှာ အကြောင်းရှိ၍ ဖြစ်ပေါ်လာ ခဲ့သည့် အကျိုးဆက်တစ်ခုဖြစ်၍ တရား နှင့်ယှဉ်၍ သံဝေဂကို ယူသင့်ကြပါပြီ။

အကြမ်းဖက်ခြင်းအတွက် လက်မရွံ့သူ

သေဒဏ်ခံရသူများနှင့် ပတ်သက်၍ စာရေးသူ   စေ့ငုမိသမျှ   ဖော်ပြရလျှင် ဖြိုးဇေယျာသော်(ခ) မောင်ကျော် သည် အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင် ရာ၌   သူနှင့်အတူ    ဆက်စပ်တရားခံ ၂၉၃ ဦးပါဝင်ခဲ့ပြီး လက်နက်ငယ်မျိုးစုံ ၁၆၉    လက်၊        လက်လုပ်သေနတ် ၂၃၁လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ကျည်မျိုးစုံ ၁၈၈၁၀ တောင့်၊  ၄၀ မမ ဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံးသီး/ဒုံးသီး      ၁၇၅  လုံး၊ လက်ပစ်ဗုံး ၄၈ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊  လက်လုပ်မိုင်း  ၁၀၉၉ နှင့် အခြားဆက်စပ်ပစ္စည်းများကို  ဖမ်းဆီး ရမိခဲ့သည်။ 

ဖြိုးဇေယျာသော်    လက်ရေးဖြင့် ရေးသားထားခဲ့သည့်   အစည်းအဝေး မှတ်စုစာအုပ်၌   “Ambush Attack (ချောင်းမြောင်း   တိုက်တာတွေထက်) တွေထက်   Assassination   (လုပ်ကြံ သတ်ဖြတ်)တာမျိုးကို     ပိုအားပေး” ဆိုသည့်   သက်သေများ၊  ဖုန်းအတွင်း ပြည်ပြေးသစ္စာဖောက်   ဇော်ဝေစိုးနှင့် ချိတ်ဆက်၍    အကြမ်းဖက်လုပ်ရပ် အတွက် ဘတ်ငွေ ရှစ်သိန်း လွှဲပေးမည့် ကိစ္စရပ်များနှင့်  အကြမ်းဖက်လုပ်ငန်း များအတွက်  လိုအပ်သည့်    လက်နက် ခဲယမ်းပံ့ပိုးပေးနေမှုများကို ပြီးခဲ့သည့် နှစ်  နိုဝင်ဘာလအတွင်းက ကျင်းပသည့် နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲ၌ မြင်တွေ့ခဲ့ရသည်။

ဖြိုးဇေယျာသော်သည် CRPH,NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ တောင်ပိုင်းအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း ထားပြီး ရန်ကုန်မြို့တွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများ၊       အပြစ်မဲ့ ပြည်သူများ၊      နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များအား      လုပ်ကြံ သတ်ဖြတ်ခြင်းဖြင့်  အစိုးရ၏  စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးယန္တရားများ ပျက် ပြားစေရန်၊ အများပြည်သူနှင့်ဆိုင်သော နေရာများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက် အအုံများ၊ စီးပွားရေးဆိုင်ရာအဆောက် အအုံများအပါအဝင် ပညာသင်ကြားမှု များ ရပ်တန့်စေရန် ဖောက်ခွဲဖျက်ဆီး ခြင်း၊ ပျံလွှားအောင်စစ်ဆင်ရေး အမည် ဖြင့် လယ်ဗယ်အဆင့်မြှင့်ကာ စစ်ရေး ဆိုင်ရာ ပစ်မှတ်များအား အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့်   အင်အားနည်းသည့် လုံခြုံရေးစခန်းငယ်များအား ဝင်ရောက် တိုက်ခိုက်၍      လက်နက်ခဲယမ်းများ လုယက်စေခြင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းသုံးတိုင်းတွင် အကြမ်းဖက်လုပ်ငန်း များ ဆောင်ရွက်ရန် ဟံသာဝတီစစ်ရေး စီမံချက်ရေးဆွဲနေခြင်းတို့ကို ပြုလုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက်တိုက်ဖျက် ရေး ဥပဒေပုဒ်မ ၄၉(က) အကြမ်းဖက် အုပ်စုတစ်ခုခုကို ထောက်ပံ့ရန်အတွက် လက်နက်ပစ္စည်းများ သိမ်းဆည်းထားမှု၊ အကြမ်းဖက်ပုဒ်မ ၅၀(စျ) အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဒလန်ဟု စွပ်စွဲခံရသူများ အား သတ်ဖြတ်နိုင်ရန် လက်နက်များကို ငှားရမ်းပေးမှု   ၃၅  ကြိမ်၊  လုပ်ကြံ သတ်ဖြတ်မှု ၁၁ ကြိမ်၊  နိုင်ငံပိုင်အဆောက် အအုံများကို ဖောက်ခွဲဖျက်ဆီးမှု အကြိမ် ၃၀၊ အုပ်ချုပ်ရေးမှူးရုံးများကို ဖောက်ခွဲ ဖျက်ဆီးမှု    ၃၂  ကြိမ်၊   လျှပ်စစ်ရုံးနှင့် အနီးတစ်ဝိုက်   ဗုံးပေါက်ကွဲမှု ၂၅ ကြိမ်၊ ကညနရုံးအနီးဝန်းကျင်  ဗုံးကွဲမှု ၉ ကြိမ်၊ CCTV  Control  box   များနှင့်   အများ ပြည်သူများ သက်ဆိုင်သည့်နေရာတွေ၌ အကြိမ်  ၆၀၊   စာသင်ကျောင်းများတွင် ၃ ကြိမ်၊    ကြံရာပါအဖြစ်    ကျူးလွန်ပြီး ဆောင်ရွက်ခဲ့မှု၊  အကြမ်းဖက်ပုဒ်မ ၅၀ (ည)အရ အလှူငွေများကောက်ခံကာ  အကြမ်းဖက်လုပ်ငန်းအတွက် လက်နက် ခဲယမ်းဝယ်ယူခြင်း၊     လိုင်စင်မဲ့ယာဉ် ဝယ်ယူခြင်း၊ ငွေကြေးဆိုင်ရာ ထောက်ပံ့ ခြင်းများအတွက်   ယခုကဲ့သို့      အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အကြီးစားဖောက်ခွဲဖျက်ဆီးမှုများ ကြံစည်

ကျော်မင်းယု(ခ)ဂျင်မီကို ပြီးခဲ့သည့် နှစ်       အောက်တိုဘာလအတွင်းက ရန်ကုန်မြို့    ဒဂုံမြို့သစ်(မြောက်ပိုင်း) ပင်လုံအိမ်ရာ၌    ဖမ်းဆီးရမိခဲ့သည်။ တရားခံနှင့်အတူ အကြမ်းဖက်တိုက်ခိုက် မှုနှင့်     လုပ်ကြံသတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊  ဒေသန္တရလက်လုပ် သေနတ် ၁ လက်၊    ကျည်အိမ် ၁၈ ခု တို့ကို သိမ်းဆည်းရမိခဲ့သည်။

ဂျင်မီသည်      နိုင်ငံအတွင်း      ဆူပူ အုံကြွမှုဖြစ်ပေါ်စေရေး၊ အစိုးရဝန်ထမ်း များ CDM လှုပ်ရှားမှုတွင် ပါဝင်လာစေ ရေး   လှုံ့ဆော်မှုများ   ပြုလုပ်ခြင်းတို့ ကြောင့်    ရာဇသတ်ကြီး    ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့်     အမှုဖွင့်ခံထားရသည့် တရားခံပြေးတစ်ဦး ဖြစ်သည်။ တရားခံ ကျော်မင်းယု(ခ)ဂျင်မီ၏ ထွက်ဆိုချက် အရ ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရ ဝန်ထမ်းများ  CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေးအတွက် သတင်းမီဒီယာ များနှင့် ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော်မှု များကို ၂၀၂၁ ခုနှစ်မတ်လအထိ ပြုလုပ်ခဲ့ ကြောင်း  သိရှိခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း Moon Light Operation အဖွဲ့အား အဖွဲ့ဝင်များနှင့်အတူ စတင် ဖွဲ့စည်းပြီး ဖြိုးဇေယျာသော်ခေါင်းဆောင် သော Yangon Urban Guerrilla-YUG အဖွဲ့နှင့် ဝေဖြိုးဟန် ခေါင်းဆောင်သော ရန်ကုန်တိုင်း       PDF   အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံ ပညာအဆင့် ကျောင်းသူ ကျောင်းသား များ၊ ဆရာ  ဆရာမများ၊ စာသင်ကျောင်း များကို  ပစ်မှတ်ထားတိုက်ခိုက်မှုများ ဖြင့်   အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ် ကို  ၂၀၂၁ ခုနှစ် မေလတွင် စတင်ခဲ့ကြ သည်။

ဂျင်မီဦးဆောင်ခဲ့သည့် အကြမ်းဖက် Moon Light Operation အဖွဲ့သည် NUG ဘက်မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ်   စက်တင်ဘာလ ၇ ရက် နောက်ပိုင်းတွင် ကြီးမားသော အကြမ်း ဖက်လုပ်ငန်းကြီးများအဖြစ်   Mission ၈ ခုအား ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ပြီး  Mission-1 အား တွံတေးမြို့ နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊  Mission-2 အား အင်းစိန်မြို့နယ်အတွင်း အကြမ်း ဖက်တိုက်ခိုက်မှု၊    Mission-3   အား လှည်းကူးမြို့နယ်အတွင်း အောက်တို ဘာလအတွင်း လုပ်ဆောင်ပြီးစီးခဲ့သည် ဟု ဝန်ခံထွက်ဆိုခဲ့သည်။
ကျန်သည့် Mission-4 ၊ Mission-5၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလမြို့နယ်၊    သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ လှိုင်သာယာ မြို့နယ်တို့တွင် ကြီးမားသော ဖောက်ခွဲ ဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုတို့ ပေါင်းစပ်ဆောင်ရွက်ရန် ရည်မှန်းထား သည်ကို   ဖမ်းဆီးရမိချိန်တွင်  ဝန်ခံခဲ့ သည်။
ရန်ကုန်တိုင်းဒေသကြီး    အတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှု များအား  အနီးကပ်  စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါ      အကြမ်းဖက်    တိုက်ခိုက်မှု များအတွက်   ပူးပေါင်းကြံစည်ခဲ့ခြင်း တို့ကို    ပြစ်မှုထင်ရှားကျူးလွန်ခဲ့သည့် တရားခံ   ကျော်မင်းယု(ခ) ဂျင်မီအား ရာဇသတ်ကြီးဥပဒေ    ပုဒ်မ  ၅၀၅-က အပြင်     ၂၀၁၄  ခုနှစ်    အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊     ရာဇသတ်ကြီး ပုဒ်မ ၁၂၄၊  မတရားအသင်း အက်ဥပဒေ၊  လက်နက်နှင့်          ပတ်သက်သော အက်ဥပဒေ၊  ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ       အက်ဥပဒေတို့ဖြင့်  အရေးယူခဲ့ရာမှ   ပြစ်မှုထင်ရှားခဲ့သဖြင့် သေဒဏ်ချမှတ်ခံရခြင်းသာဖြစ်ပါသည်။

အပြစ်မဲ့အမျိုးသမီးအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကြသူများ
အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး အား သူလျှို၊ ဒလန်ဟု စွပ်စွဲ၍ ညှဉ်းပန်း နှိပ်စက်ကာ        ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်      လှမျိုးအောင်   (ခ)ကိုမျိုး(ခ)ဝက်ကြီး၊ အောင်သူရဇော်(ခ)
ကတုံး(ခ)သူရတို့သည်  စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသူများ  ဖြစ်သည်။ လှမျိုးအောင်နှင့် အောင်သူရဇော်တို့မှာ ပြီးခဲ့သည့်   သီတင်းပတ်က   သေဒဏ် စီရင်ခြင်းခံရသည်။     ယင်းတို့ကိုလည်း သူရဲကောင်းများဟူ၍ ပြောဆိုသံများကို ကြားရသည့်အခါ   ၎င်းတို့  သတ်ဖြတ် သဖြင့်      အပြစ်မဲ့စွာ     သေဆုံးခဲ့ရသူ မဝင်းသန္တာဆွေ      ကြားသိနိုင်မည် ဆိုလျှင်      အလွန်တရာ    အားနာဖွယ် ကောင်းလေစွ။ 

အများ    သံပုံးတီးကြသည့်    အချိန်၊ သပိတ်မှောက်ကြသည့်အချိန်  မပါဝင် မိသည့် လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက်       အောင်မေတ္တာလမ်းရှိ မဝင်းသန္တာဆွေကို    ရပ်ကွက်အတွင်း လူမိုက်အချို့က    ဒလန်ဟု   စွပ်စွဲခဲ့ကြ သည်။ မိမိနှင့်မတူ ရန်သူဟု သတ်မှတ် သည့်     အကြမ်းဖက်လူရမ်းကားတို့၏ သတ်ဖြတ်မှုကြောင့် အသက် ၃၁ နှစ် အရွယ်သာရှိသည့်       မဝင်းသန္တာဆွေ ဓားဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ မသေဆုံးမီအချိန်အထိလည်း ကိုယ်စိတ် နှလုံးကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသေးသည်။
ဖြစ်စဉ်ကို         လေ့လာကြည့်ရာ အကြမ်းဖက်သတ်ပစ်ခြင်း   ခံရသည့် အမျိုးသမီးကို ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ယူချုပ်နှောင်၍     စစ်ဆေးကြပြီး ဘုန်းကြီးက လက်မခံသဖြင့် အောင်ချမ်း သာ  ဓမ္မာရုံအတွင်း   ထပ်မံချုပ်နှောင် စစ်မေးခဲ့ကြသည်။  နောက်တစ်ရက်၌ အိမ်ကိုပြန်ပို့ပြီး     နေအိမ်အတွင်း သော့ခတ်ချုပ်နှောင်ခဲ့ကာ  အိမ်သော့ကို လည်း      စတင်စွပ်စွဲရန်ပြုခဲ့သည့် အိမ်နီးချင်းအမျိုးသမီးများက သိမ်းထား ခဲ့ပြန်သည်။   နှိပ်စက်သတ်ဖြတ်တော့ မည့်နေ့    လူမိုက်လူရမ်းကားများက Hijet  ကားဖြင့်      လာရောက်ခေါ်ဆောင် ပြီး     အိမ်နီးချင်းအမျိုးသမီးများနှင့် အမျိုးသားအချို့က  သော့ဖွင့်ပေးကာ ဝမ်းသာအားရ ထည့်ပေးခဲ့ရာမှ တွံတေး သွားရာ လမ်းမကြီးတစ်နေရာအရောက် ကားခေါင်းခန်းအတွင်း      ဖမ်းဆီးခံ ရသည့်    သေဆုံးသူကို    ကားမောင်းသူ လှမျိုးအောင်က   ကားရပ်ပြီး  ဓားဖြင့် စတင်ထိုးကာ ကျန်သူကလည်းအပြင် ဆွဲချပြီး        ဓားဖြင့်    သေဆုံးချိန်အထိ အဆက်မပြတ်      ထိုးနှံခဲ့ကြသည်။ ထို့အပြင် သတ်ဖြတ်ခြင်းကို အားမရဘဲ သေဆုံးသူ၏  လက်ဝတ်လက်စားများ ကိုပါ ချွတ်ယူရောင်းချပြီး   ပျော်ပါးခဲ့ကြ သည်ဟု တရားခံများ၏ ထွက်ဆိုချက် များအရ သိရှိရသည်။

အပြစ်မဲ့သေဆုံးသူတွေအတွက် တရားမျှတမှု

“တော်လှန်ရေး     အရှိန်မြှင့်ကြ”၊ “သွေးကြွေးသည် ဆွေးနွေးစရာမရှိ”၊ “ရန်ငါပြတ်ကြပြီ” ဟူသော ကွန်မြူနစ် ဆန်ဆန်  စကားသံများကို  လူလေးဦး သေဒဏ်ကျခံလိုက်ရသည့် သတင်းများ ထွက်ပေါ်လာချိန်တွင်     ကျယ်ကျယ် ပြန့်ပြန့် ကြားရသည်။ ဖြိုးဇေယျာသော် နှင့်   ဂျင်မီတို့ကြောင့်   မိဘမဲ့ခဲ့ရသည့် ကလေးသူငယ်များ၊ သားသမီးများဆုံးရှုံး လိုက်ကြရသည့် မိဘများ၊ ဆရာမရှိတော့ သည့်  စာသင်ကျောင်းများအတွက်မူ ထည့်သွင်း     မစဉ်းစားသင့်ဘူးလား။ အပြစ်ရှိ၍     အပြစ်ဒဏ်ခံရသူတို့ကို ကရုဏာမသက်ခင် သူတို့ သတ်ဖြတ်ခဲ့ သဖြင့်   သေဆုံးခဲ့ရသည့် အပြစ်မဲ့သူတို့ ၏    ငိုကြွေးတောင်းပန်သံကို       မကြား ချင်ယောင်   ဆောင်နေခဲ့ကြသလားဟု မေးမြန်းကြည့်လိုပါသည်။

 PDF တို့ကြောင့်  အပြစ်မဲ့သည့် ပြည်သူများ   ကျီးလန့်စာစား   ဘဝဖြင့် နေထိုင်နေကြရသည်။ သတင်းအတု၊ သတင်းယောင်များအကြား    သောက များစွာဖြင့် အမှောင်ထုကို ဖြတ်သန်း နေကြရသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် နေရာတိုင်း တွင် တားမြစ်နေကြသည်။ ခြိမ်းခြောက် အကျပ်ကိုင်နေကြသည်။ မတူညီသည့် အယူအဆရှိသူများမပြောနှင့်    တူညီ သူများကိုပင် ခြိမ်းခြောက်၊ ဓားပြတိုက်၊ လုယက်နေသည်ကို       ပြည်သူများ အသိတရားရှိရှိဖြင့် စုပေါင်းညီညာစွာ ကာကွယ်တားဆီးရမည့်     အချိန်ဖြစ် ပါသည်။

အကြမ်းဖက်ခြင်းနှင့်  ဒီမိုကရေစီ သည်    ဆန့်ကျင်ဘက်တရားများပင် ဖြစ်ပါသည်။  နိုင်ငံတကာတွင်လည်း အကြမ်းဖက်ခြင်းကို       လက်သင့်ခံ ခွင့်လွှတ်သည့်     နိုင်ငံဟူ၍    မရှိခဲ့။ တိုင်းပြည်အတွင်း       ဖြစ်ပျက်သည့် အကြမ်းဖက်မှု Terrorism ပြစ်မှုများကို ပြည်တွင်းဥပဒေဖြင့် ကိုင်တွယ်ကြသည် ကို  နိုင်ငံတကာတွင်လည်း  မြင်တွေ့ရ သည်။     ယခုလည်း     ဥပဒေအတိုင်း အပြစ်ရှိသူတို့ ထိုက်သင့်သည့် အပြစ် ဒဏ်ကို ပေးအပ်ခဲ့ခြင်းဖြင့် အပြစ်မဲ့စွာ သေဆုံးသွားရသည့် ပြည်သူများအတွက် တရားမျှတမှုပင်ဖြစ်ကြောင်း။            ။