ရန်ကုန် ၁၁ ဇွန်
သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပစိဖိတ်ရေးရာဝန်ကြီး၊ အထက်လွှတ်တော်အမတ် The Honourable Concetta Fierravanti – Wells ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၄ နာရီ မိနစ် ၄၀ က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။
ကိုယ်စားလှယ် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
(သတင်းစဉ်)