သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့်  သဘာဝကိုအခြေခံသော ဖြေရှင်းခြင်းနည်းလမ်းများ၏ အခန်းကဏ္ဍ

သစ်တောမောင်

သဘာဝဘေးအန္တရာယ်များ

ယခုအခါတွင်      ကမ္ဘာတစ်ဝန်း ရာသီဥတု        ပြောင်းလဲမှုများနှင့်အတူ သဘာဝဘေးအန္တရာယ်အမျိုးမျိုး  မကြာ ခဏဖြစ်ပေါ်လျက်ရှိသည်ကို တွေ့နိုင်ပါ သည်။      သဘာဝဘေးအန္တရာယ်များ  ဆိုသည်မှာ မိုးခေါင်ရေရှားခြင်း၊ ရေကြီး ခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊   မီးတောင်ပေါက်ကွဲခြင်း၊  ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ မကြာခဏတိုက်ခတ်ခြင်း၊ ရေခဲများအရည်ပျော်ခြင်းနှင့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်ခြင်း၊        အစားအစာ နှင့် သောက်သုံးရေ    ရှားပါးလာခြင်းနှင့် ရောဂါဘယများ     ထူပြောလာခြင်း စသည်တို့ပါဝင်ပါသည်။       သဘာဝ အလျောက်ဖြစ်စေ၊         လူတို့၏ပြုမူ ဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များဖြစ်သည်။ 

သဘာဝပတ်ဝန်းကျင်
ပျက်စီးယိုယွင်းမှုများ

လူဦးရေ     တိုးပွားလာမှုနှင့်အတူ လူသားများ၏       ပယောဂကြောင့် သစ်တောများ ပြုန်းတီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းတို့ဖြစ်ပေါ်ကာ    သဘာဝ ဘေးအန္တရာယ်များ       ကျရောက်ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဘာဝ ဘေးအန္တရာယ်များသည် သဘာဝမျှခြေ အခြေအနေများပျက်စီးခြင်း၊ မူလဂေဟ စနစ်များ   တည်ငြိမ်မှုပျက်ပြားခြင်းနှင့် သဘာဝပတ်ဝန်းကျင်   ပျက်စီးယိုယွင်း လာခြင်းတို့ကြောင့်  ဖြစ်ပေါ်ရခြင်းဖြစ်ပါ သည်။    ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ငါးနှစ်လျှင် တစ်ကြိမ်ထုတ်ပြန်သော        ကမ္ဘာလုံး ဆိုင်ရာ   သစ်တောသယံဇာတ    ဆန်းစစ် လေ့လာခြင်း   အစီရင်ခံစာအရ    ကမ္ဘာ့ သစ်တောများ အသားတင်ပျက်စီးဆုံးရှုံး မှုနှုန်းသည်   ၁၉၉၀-၂၀၀၀    ပြည့်နှစ် အတွင်း တစ်နှစ်လျှင် ဟက်တာ ၇ ဒသမ  ၈ သန်း၊ ၂၀၀၀-၂၀၁၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဟက်တာ ၅ ဒသမ ၂ သန်း နှင့် ၂၀၁၀-၂၀၂၀ ပြည့်နှစ်အတွင်း တစ်နှစ် လျှင်  ဟက်တာ ၄ ဒသမ ၇ သန်းအထိ ရှိခဲ့ကြောင်း   တွေ့ရှိရပါသည်။    အရှေ့ တောင်အာရှနိုင်ငံများသည် ၂၀၁၀ ပြည့် နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တော ဧရိယာ ဟက်တာ ၉ ဒသမ ၄ သန်းကျော် ပြုန်းတီးခဲ့သည်ကို    လေ့လာတွေ့ရှိခဲ့ရ ပါသည်။ မြန်မာနိုင်ငံသည်လည်း အခြား ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ    သစ်တော ပြုန်းတီးမှုများ      ရင်ဆိုင်ခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ ၂၀၀၀ ပြည့်နှစ် သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄  ရာခိုင်နှုန်းရှိခဲ့ပြီး   ၂၀၂၀   ပြည့်နှစ် အစီရင်ခံစာတွင်   နိုင်ငံဧရိယာ၏    ၄၂ ဒသမ   ၁၉    ရာခိုင်နှုန်းသို့  ကျဆင်းခဲ့ပါ သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ် အတွင်း နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်း ၁ ဒသမ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှ    ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် သစ်တော ပြုန်းတီးမှုနှုန်းသည်   သုည  ဒသမ   ၉ ရာခိုင်နှုန်းရှိခဲ့ပါသည်။ 

လူဦးရေ     လျင်မြန်စွာတိုးပွားလာ ခြင်းနှင့် ဒေသတွင်းစက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာ     ဆောင်ရွက်လာခြင်း တို့သည် ဒေသတွင်းပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုမှ  ကမ္ဘာလုံးဆိုင်ရာပတ်ဝန်း ကျင်ပြဿနာများအဖြစ်သို့       ဆင့်ကဲ ပြောင်းလဲမှုဖြစ်ပေါ်စေပါသည်။   ကုလ သမဂ္ဂ   ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP) က ထုတ်ပြန်ခဲ့သည့်   Global Environment Outlook-6 (GEO-6) အစီရင်ခံစာအရ ကမ္ဘာ့အပူချိန်တိုးတက် မှုနှုန်းမှာ လက်ရှိတွင် ၁ ဒသမ ၁ ဒီဂရီ ဆဲလ်စီးယက်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် နှစ်ဒီဂရီဆဲလ်စီးယက်နှင့် ၂၁၀၀ ပြည့်နှစ် တွင် လေးဒီဂရီဆဲလ်စီးယက်အထိ ပျမ်းမျှ အပူချိန်တိုးလာနိုင်သဖြင့်    ရာသီဥတု ပြောင်းလဲမှုဒဏ်ကို   ပိုမိုခံစားရနိုင်ပြီး သဘာဝဘေးအန္တရာယ်များ ပိုမိုများပြား လာနိုင်ကြောင်း ဖော်ပြထားပါသည်။

ပလတ်စတစ်စွန့်ပစ်မှုဆိုင်ရာ စနစ် တကျ       စီမံခန့်ခွဲမှုမရှိခြင်းကြောင့် သမုဒ္ဒရာအတွင်းသို့      ပလတ်စတစ် စွန့်ပစ်မှုပမာဏ       နှစ်စဉ်တန်ချိန် ရှစ်သန်းခန့်ရောက်ရှိနေကြောင်း၊ လေထု ညစ်ညမ်းမှုကြောင့် ကမ္ဘာ့လူဦးရေ ခုနစ် သန်းနီးပါးမှာ    နှစ်စဉ်အရွယ်မတိုင်မီ သေဆုံးမှုများနှင့်        ကြုံတွေ့နေရ ကြောင်း၊     ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံး ပျောက်ကွယ်မှုများ တိုးပွားဖြစ်ပေါ်လျက် ရှိပြီး   ကုန်းနေကျောရိုးမဲ့သတ္တဝါ    ၄၂ ရာခိုင်နှုန်း၊  ရေချိုနေကျောရိုးမဲ့သတ္တဝါ ၃၄ ရာခိုင်နှုန်းနှင့် ပင်လယ်နေကျောရိုးမဲ့ သတ္တဝါ ၂၅ ရာခိုင်နှုန်းတို့မှာ မျိုးသုဉ်းမည့် အန္တရာယ်နှင့်     ရင်ဆိုင်နေရကြောင်း လေ့လာတွေ့ရှိရပါသည်။ ၂၀၅၀ ပြည့်နှစ် ၌  ကမ္ဘာ့လူဦးရေမှာ  ၁၀  ဘီလီယံအထိ တိုးပွားလာနိုင်သဖြင့် စားနပ်ရိက္ခာလိုအပ် ချက်များမှာလည်း    လက်ရှိထက် ၅၀ ရာခိုင်နှုန်းပိုမိုလာနိုင်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများ ပိုမိုများပြား လာနိုင်ကြောင်း ဖော်ထုတ်ထားပါသည်။

ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ သည်   ဒေသန္တရအဆင့်၊    မြို့ပြအဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်၊  နိုင်ငံအဆင့်၊   ဒေသအဆင့်နှင့် ကမ္ဘာ့အဆင့်အထိ ကျယ်ပြန့်စွာရှိနေပါ သည်။   လေထုညစ်ညမ်းမှု၊     ရေထု ညစ်ညမ်းမှု၊   ဂေဟစနစ်များ   ယိုယွင်း ပျက်စီးမှု၊ စက်မှုလုပ်ငန်းဆိုင်ရာ စွန့်ပစ် ပစ္စည်းနှင့် မြို့ပြများရှိ အမှိုက်ညစ်ညမ်း မှု၊    ရေနှင့်    မြေဆီလွှာတိုက်စားခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်းနှင့်  စွမ်းအင်နှင့် ရေသယံဇာတ ရှားပါးပြတ်လပ်မှုများကို ဒေသန္တရအဆင့်မှသည် နိုင်ငံအဆင့်အထိ ကြုံတွေ့ရနိုင်ပါသည်။ ကမ္ဘာကြီး  ပူနွေး လာခြင်း၊        ရာသီဥတုပြောင်းလဲခြင်း၊ ရေကြီးခြင်းနှင့်မိုးခေါင်ခြင်း၊ အက်စစ်မိုး ရွာသွန်းခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျင်မြန်စွာပျက်စီး ဆုံးရှုံးလာခြင်းတို့သည်   ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ    အရေးအကြီးဆုံး ပတ်ဝန်းကျင်ပြဿနာများအဖြစ် ရင်ဆိုင် ရလျက်ရှိပါသည်။ 

နောက်ဆက်တွဲအကျိုးဆက်များ

၂၀၂၁ ခုနှစ် Emergency Event Database (EM-DAT) ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းရှိ သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့်          ဆိုးရွားသော ဖြစ်ရပ်ပေါင်း ၄၃၂ ခုကို မှတ်တမ်းတင် နိုင်ခဲ့ပါသည်။      ယေဘုယျအားဖြင့် သေဆုံးသူ ၁၀၄၉၂  ဦးရှိခဲ့ပြီး   လူ ၁၀၁ ဒသမ ၈   သန်း  ထိခိုက်ခဲ့ကာ  ခန့်မှန်း ခြေအားဖြင့်  အမေရိကန်ဒေါ်လာ   ၂၅၂ ဒသမ ၁ ဘီလီယံခန့် စီးပွားရေးဆုံးရှုံးခဲ့ ရသည်။ အာရှတိုက်သည် အပြင်းထန် ဆုံးထိခိုက်မှုဖြစ်ပြီး       သဘာဝဘေး အန္တရာယ်အားလုံး၏ ၄၀ ရာခိုင်နှုန်းကို ခံစားနေရပြီး  စုစုပေါင်းသေဆုံးသူဦးရေ ၏ ၄၉ ရာခိုင်နှုန်းနှင့်  ထိခိုက်ခံစားရသူ စုစုပေါင်း၏ ၆၆ ရာခိုင်နှုန်းရှိသည်။ 

ဒေသတွင်းဖြစ်ပေါ်ခဲ့သော   သဘာဝ ဘေးအန္တရာယ်များအနက် ၂၀၀၄ ခုနှစ် တွင် အိန္ဒိယသမုဒ္ဒရာတွင်ဖြစ်ပေါ်ခဲ့သော ဆူနာမီ   ဒီရေလှိုင်းဒဏ်ကြောင့်  အင်ဒို နီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့တွင် ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့သဖြင့် စုစုပေါင်း  ၂၂၆၀၀၀  ကျော်သေဆုံးခဲ့ သည်။ ၂၀၀၈  ခုနှစ်တွင်  မြန်မာနိုင်ငံ၌ တိုက်ခတ်ခဲ့သော    နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေကျေပျက်စီးခဲ့ရပါသည်။ မြန်မာ နိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင်  ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများနှင့်   သဘာဝဘေး အန္တရာယ်များကြောင့်    အိမ်ထောင်စု  လေးသိန်းခန့်နှင့် လူဦးရေ  ၁၆  သိန်း ကျော် ရေနစ်မြုပ်မှုဒဏ်ခံခဲ့ရပြီး ဆုံးရှုံးမှု ပမာဏအလွန်များပြားခဲ့ပါသည်။
၂၀၂၂ ခုနှစ်တွင်လည်း ကမ္ဘာနှင့် တစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ ပြီး    အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှံးခဲ့ကြသည်ကို   တွေ့နိုင်ပါ သည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် ဖြစ်ပေါ်ခဲ့ သော ပါကစ္စတန်နိုင်ငံ ရေကြီးရေလျှံမှု ကြောင့် လူပေါင်း ၁၁၀၀ ကျော်သေဆုံး ခဲ့ပြီး အိမ်ပေါင်း ၂၈၇၀၀၀ ကျော် အလုံးစုံ ဆုံးရှုံးပျက်စီးခဲ့ကာ   ၆၆၂၀၀၀    ကျော် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည်။ ရေကြီး ရေလျှံမှုများကြောင့် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း ဖော်ပြ ထားပါသည်။ ၂၀၂၂   ခုနှစ်   ဩဂုတ်လ အတွင်း ကိုရီးယားနိုင်ငံ ဂန်နမ်ခရိုင်နှင့် အနီးပတ်ဝန်းကျင်တွင် ရွာသွန်းခဲ့သော မိုးရွာသွန်းမှုသည် နှစ်ပေါင်း ၈၀ အတွင်း အများဆုံးဖြစ်ခဲ့ပြီး အဆောက်အအုံပေါင်း ၂၈၀၀ ပျက်စီးခဲ့ကာ   လူကိုးဦးသေဆုံးခဲ့ သည်။  အလားတူပင်   ထိုင်းနိုင်ငံတွင် တိုက်ခတ်ခဲ့သော  မုန်တိုင်းနှင့်   ရေကြီး ရေလျှံမှုများကြောင့်   ခရိုင်   ၂၁  ခုတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး    အိမ်ခြေ ၁၉၆၃၀         ထိခိုက်ပျက်စီးခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း    ၂၀၂၂     ခုနှစ် ဇူလိုင်လနှင့်        ဩဂုတ်လများအတွင်း        ပြင်ဦးလွင်၊   ကျိုင်းတုံ၊  တာချီလိတ်၊  ရန်ကုန်မြို့တို့တွင်     ဖြစ်ပွားခဲ့သော     ရေကြီးရေလျှံမှုများသည်       ထိခိုက် ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။ 

ရာသီဥတု      ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော         နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများနှင့် သဘာဝ ဘေးအန္တရာယ်များကို ဖွံ့ဖြိုးပြီးနိုင်ငံများ ထက် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲ နိုင်ငံများက       ပိုမိုခံစားကြရသည်။  မိုးလေဝသဆိုင်ရာ     သတင်းအချက် အလက်       အချိန်မီရရှိနိုင်မှုမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကို      တားဆီး ကာကွယ်ရန်      ကြိုတင်ပြင်ဆင်နိုင်မှု အားနည်းခြင်း၊ အခြေခံအဆောက်အအုံ များ         သဘာဝဘေးအန္တရာယ်ဒဏ် ခံနိုင်ရည်နည်းပါးခြင်း၊       ပြည်သူများ အကြား ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာ၊   ဗဟုသုတနည်းပါးခြင်း၊ သဘာဝဘေးအန္တရာယ်   ဖြစ်ပွားပါက ပြန်လည်ကယ်ဆယ်ရေး     လုပ်ငန်းများ နှောင့်နှေးခြင်း      စသည်တို့ကြောင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက သေကျေပျက်စီး ဆုံးရှုံးမှုနှုန်း မြင့်မားပြီး ထိခိုက်ဆုံးရှုံးမှုများပြားကာ နိုင်ငံ၏ လူမှု ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်          ကဏ္ဍအသီးသီးအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက် တွဲအကျိုးဆက်များသည်     လာမည့် ဆယ်စုနှစ်များတွင်  ပိုမိုဆိုးရွားလာနိုင် သဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် ရာသီဥတုကိုမှီခိုသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ဂေဟစနစ်   ဝန်ဆောင်မှုလုပ်ငန်းများ အပေါ်  မှီခိုနေကြရသည့်  ပြည်သူများ အတွက်  စိန်ခေါ်မှုများဖြစ်ပါသည်။ 

သဘာဝကိုအခြေပြုသော ဖြေရှင်းခြင်းနည်းလမ်းများ 
(Nature-based Solutions-Nbs)

သဘာဝကိုအခြေခံသော  ဖြေရှင်း ခြင်းနည်းလမ်းများသည်   ဂေဟစနစ် ပြန်လည်ကောင်းမွန်လာစေပြီး   ရာသီ ဥတုပြောင်းလဲမှုနှင့်    မြေအသုံးချမှု ပြောင်းလဲခြင်းများ၊      ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကြောင့် ဖြစ်ပေါ် လာသောအကျိုးဆက်များ၊ သက်ရောက် မှုများကို လိုက်လျောညီထွေဖြစ်စေရန်    ထိန်းညှိပေးသော ယန္တရားလုပ်ငန်းစဉ် ဖြစ်ပါသည်။      သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့်  ပတ်သက်သည့်   လူ့အဖွဲ့အစည်းဆိုင်ရာ    စိန်ခေါ်မှုများကို   ထိရောက်၍      လိုက်လျောညီထွေစွာ    ရင်ဆိုင်နိုင်ပြီး  လူသားများကျန်းမာရေး နှင့်   ဇီဝမျိုးစုံမျိုးကွဲ အကျိုးကျေးဇူးများကို တစ်ပြိုင်နက်တည်း   ထောက်ပံ့ပေးစွမ်း သည့် သဘာဝဂေဟစနစ်များကို ရေရှည် တည်တံ့စေရေးအတွက်     ထိန်းသိမ်း ကာကွယ် စီမံအုပ်ချုပ်ရန်နှင့် ပြန်လည် ထူထောင်ရန်       လုပ်ငန်းစဉ်များဖြစ်ပါ သည်။  

သဘာဝကိုအခြေခံသော  ဖြေရှင်း ခြင်း   အယူအဆမူဘောင်သည် အလွန် ကျယ်ပြန့်ပြီး ဂေဟစနစ်ကို အခြေခံသော ချဉ်းကပ်မှုအားလုံးနှင့်     အကျုံးဝင်ပါ သည်။    အင်ဂျင်နီယာလုပ်ငန်းများ၊ အဆောက်အအုံ     တည်ဆောက်ရေး လုပ်ငန်းများ၊    ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့်     လိုက်လျောညီထွေ ဖြစ်စေရေးလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ် ကာကွယ်လျှော့ချခြင်းလုပ်ငန်း များ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး ရေးလုပ်ငန်းများ၊       ရေသယံဇာတ ထိန်းသိမ်းခြင်းနည်းလမ်းများ၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်          ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ စီမံအုပ်ချုပ် မှုလုပ်ငန်းနယ်ပယ်များနှင့် ဂေဟစနစ် ဝန်ဆောင်မှုများ     တိုးပွားရေးအတွက် အခြေခံသော ဖြေရှင်းခြင်းသဘောတရား ကိုအခြေခံပြီး  ပေါင်းစပ်ဆောင်ရွက်နိုင် ပါသည်။  

ယခုအချိန်ကာလတွင်   ရာသီဥတု ပြောင်းလဲ  ဖောက်ပြန်လာခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ် များကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်း ရန်    ကြိုးပမ်းလျက်ရှိရာ   သစ်ပင်များ စိုက်ပျိုးခြင်းနှင့် သစ်တောများထိန်းသိမ်း ခြင်းလုပ်ငန်းများသည် အကောင်းဆုံးနှင့် အရိုးရှင်းဆုံးသဘာဝကို  အခြေခံသော ဖြေရှင်းခြင်းနည်းလမ်းများ   (Nature-based Solutions-Nbs) လုပ်ငန်းများ ဖြစ်ပါသည်။  ရာသီဥတုပြောင်းလဲခြင်း၊ မြေဆီလွှာပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ များ ဆုံးရှုံးခြင်း၊ ရေအရင်းအမြစ်များနှင့်   ရေဝေရေလဲဒေသများ     ပျက်စီးခြင်း၊   သဲကန္တာရဖြစ်ထွန်းခြင်း၊       သဘာဝ ဘေးအန္တရာယ်များ        ကျရောက်ခြင်း  စသည့်ပြဿနာများကို      သစ်တော ပြန်လည်တည်ထောင်ခြင်း၊     သစ်တော ထိန်းသိမ်းခြင်း နည်းစနစ်အမျိုးမျိုးဖြင့် ဂေဟစနစ်များ ပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းများ       ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ 

သဘာဝကို     အခြေခံသောဖြေရှင်း ခြင်းလုပ်ငန်းစဉ်များသည် အဓိကအား ဖြင့် သဘာဝထိန်းသိမ်းရေး စံနှုန်းများနှင့် အညီ  ဆောင်ရွက်ခြင်းဖြစ်ပြီး သီးသန့် အကောင်အထည်ဖော်       ဆောင်ရွက်နိုင် သကဲ့သို့ လူ့အဖွဲ့အစည်းဆိုင်ရာ စိန်ခေါ်မှု များကို ဖြေရှင်းမှုများနှင့်အတူ ပေါင်းစပ် ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင် ပါသည်။ ဥပမာအားဖြင့် အောက်ဖော်ပြပါ လုပ်ငန်းနယ်ပယ်များတွင်        ရင်ဆိုင်ရ သောစိန်ခေါ်မှုများအား   သဘာဝကို အခြေခံသောဖြေရှင်းခြင်း    နည်းလမ်း များ            အသုံးပြုဆောင်ရွက်နိုင် ပါသည်-

-    ကျွန်းစုများနှင့်   ကမ်းရိုးတန်းနေ ဒေသခံပြည်သူများကို  လေမုန်တိုင်း ဒဏ်နှင့်       ရေကြီးရေလျှံခြင်းမှ ကာကွယ်ပေးနိုင်ရန်နှင့် ပင်လယ်ရေ မျက်နှာပြင်         မြင့်တက်လာမှု သက်ရောက်မှုများကို       လျှော့ချ နိုင်ရန် ဒီရေတောများ၊ လေကာတန်း သစ်ပင်များစိုက်ပျိုးပြီး    သဘာဝ တံတိုင်းကြီးများအဖြစ်  ထိန်းသိမ်း ကာကွယ်ခြင်း၊ 
-    ရေကြီးရေလျှံနိုင်မှု အန္တရာယ်များကို လျှော့ချရန်၊ အစားအစာနှင့်  စွမ်းအင် လုံခြုံစိတ်ချစေရန်၊      ရာသီဥတု ပြောင်းလဲမှုလျှော့ချရန်နှင့်   ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရန်အတွက်          သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တော များကို ထိန်းသိမ်းကာကွယ်ခြင်း၊ 

-    အပူပိုင်းဒေသများတွင်   ရေသယံ ဇာတလုံခြုံစိတ်ချရမှု၊ ဒေသခံပြည်သူ များ         အသက်မွေးဝမ်းကျောင်း မှုများနှင့်  ရာသီဥတုပြောင်းလဲမှု သက်ရောက်မှုများကို      တုံ့ပြန် နိုင်စွမ်း       ပိုမိုတိုးပွားကြံ့ခိုင်စေရန်၊ မိုးခေါင်ရေရှားခြင်းနှင့်        သဲကန္တာရ ဖြစ်ထွန်းမှု ကာကွယ်နိုင်ရန်အတွက် သစ်တောများ      ပြန်လည်တည်ထောင် ထိန်းသိမ်းခြင်း၊ 

-    လေအရည်အသွေး         တိုးတက် ကောင်းမွန်စေရန်၊ စွန့်ပစ်ရေများ ပြန်လည်သန့်စင်နိုင်ရန်နှင့် မုန်တိုင်း ကြောင့်ဖြစ်ပေါ်လာသော   ရေစီး ကြောင်းများနှင့် ရေညစ်ညမ်းမှုများ လျှော့ချရန် မြို့ပြပတ်ဝန်းကျင်တွင် မြို့ပြသစ်တောများ  တည်ထောင် ခြင်း၊     ဥယျာဉ်များ၊    ပန်းခြံများ၊ လမ်းဘေးသစ်ပင်များ စိုက်ပျိုးခြင်း အပါအဝင် အစိမ်းရောင်အဆောက် အအုံများ   (Green Infrastructure) တည်ဆောက်ခြင်း၊ 

-    သဘာဝရေထွက်များ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲဒေသများတွင် ကွန်တို စိုက်ပျိုးခြင်းနှင့်   သက်ရှိသစ်ကိုင်း စည်းမြှုပ်ခြင်း၊ သက်ရှိစည်းရိုးငယ် များပြုလုပ်ခြင်း၊ ကွန်တိုစည်းရိုးတန်း ပြုလုပ်ခြင်း၊ သစ်ကိုင်းဖျားသုံး  နုန်း ထိန်းတမံပြုလုပ်ခြင်း  စသည့်ဇီဝ အင်ဂျင်နီယာနည်းများဖြင့် ရေဝေ ရေလဲထိန်းသိမ်းခြင်း     စသည့် လုပ်ငန်းများပါဝင်ပါသည်။

သဘာဝကိုအခြေခံသောဖြေရှင်းခြင်းလုပ်ငန်းစဉ်များတွင် ရင်းနှီးမြှုပ်နှံခြင်း 

သဘာဝဘေးအန္တရာယ်   ကိုင်တွယ် ဖြေရှင်းရာတွင် ကာကွယ်တားဆီးခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊        လျော့ပေါ့ သက်သာစေခြင်း၊   ပြန်လည်ထူထောင် ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းတို့သည် အဓိကကျသည့် အချက်များဖြစ်ပါသည်။ “ကာကွယ်ခြင်းသည်     ကုသခြင်းထက် ပိုမိုထိရောက်သည်”    ဆိုသည်နှင့်အညီ သဘာဝဘေးအန္တရာယ်များကို တားဆီး ကာကွယ်ခြင်း  လုပ်ငန်းများအတွက် သဘာဝကို  အခြေခံသောဖြေရှင်းခြင်း လုပ်ငန်းစဉ်များတွင်  ရင်းနှီးမြှုပ်နှံခြင်း သည်  သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုထက်   များစွာသက်သာ မည်ဖြစ်ပြီး  ဂေဟစနစ်ဆိုင်ရာ   အကျိုး ကျေးဇူးများလည်း     ရရှိနိုင်မည်ဖြစ်ပါ သည်။ ဥပမာအားဖြင့် အောက်ပါလုပ်ငန်း နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် ရေရှည်တွင် အကျိုးကျေးဇူးများပိုမိုရရှိနိုင်ပါသည်-

(က)    စားနပ်ရိက္ခာ    ဖူလုံရေးအတွက် ရာသီဥတုနှင့်   သဟဇာတဖြစ် သော  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ၊
(ခ)    ကြံ့ခိုင်သန်စွမ်းသည့်  ဂေဟစနစ် များ  ဖြစ်ပေါ်လာစေရေးအတွက် ဒီရေတောများ၊    သစ်တောများ၊ သဘာဝ     သယံဇာတများအား ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲမှု လုပ်ငန်းများ၊
(ဂ)    ရာသီဥတုဒဏ်   ခံနိုင်ရည်ရှိပြီး အားလုံးပါဝင်နိုင်သော     ရေရှည် တည်တံ့သည့် ကျေးရွာများနှင့်မြို့  များ၊ အခြေခံအဆောက်အအုံများ   တည်ဆောက်ခြင်းလုပ်ငန်းများ၊
(ဃ)    ပြည်သူလူထု   ကျန်းမာရေးနှင့် ချမ်းမြေ့   သာယာရေးအတွက် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ် စီမံခန့်ခွဲခြင်းလုပ်ငန်းများ၊
(င)    ရာသီဥတု         ပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်သည့်      လူမှုအဖွဲ့ အစည်းတစ်ရပ်      ဖြစ်စေရေး အတွက်   ပညာရေး၊        သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေး    လုပ်ငန်း များအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်   ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးသည်     အမျိုး သားလုံခြုံရေးမူဝါဒများကို   ချမှတ်ရာ တွင် သမားရိုးကျမဟုတ်သော လုံခြုံရေး ဆိုင်ရာ     ခြိမ်းခြောက်မှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်များကို ထည့်သွင်း စဉ်းစား     ဆောင်ရွက်လျက်ရှိသဖြင့် မိမိတို့အနေဖြင့်လည်း   ကျယ်ပြန့်သည့် မူဝါဒများကိုချမှတ်၍  စနစ်တကျ   အစီ အစဉ်များချမှတ်ကာ       သတ်မှတ်ထား သော    စံနှုန်းများနှင့်အညီ     မှန်ကန်စွာ ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရ တော့မည်ဖြစ်ပါသည်။   ပတ်ဝန်းကျင် ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု    မူဝါဒနှင့် ဆက်စပ်သော ကျယ်ပြန့်သည့်အမြင်ဖြင့် ဆောင်ရွက်ခြင်း၊   ဆက်စပ်ပတ်သက် သူများအကြား ပူးပေါင်းပါဝင်ဆောင်ရွက် ခြင်း၊ မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်း၊ နည်းဥပဒေ များနှင့်အညီ  ထိန်းကျောင်းဆောင်ရွက် ခြင်း၊ အမျိုးသားဖွံ့ဖြိုးရေးအစီအစဉ်များ တွင်   ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များကို    ချိတ်ဆက်ပါဝင် စေခြင်း၊     ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့ အစည်းများ၏ စွမ်းဆောင်ရည် ပိုမိုခိုင်မာ အားကောင်းလာစေခြင်း၊    ပြည်တွင်း/ ပြည်ပ၊   အစိုးရ၊   ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ မှုများတွင်      ပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ  တိုးမြှင့်လာစေရေး ဆောင်ရွက်ခြင်းတို့ကို         ဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။          ထိုသို့ ဆောင်ရွက်ခြင်းဖြင့် သဘာဝကို အခြေခံ သော   ဖြေရှင်းခြင်းလုပ်ငန်းစဉ်များ ပိုမို ကျယ်ပြန့်လာနိုင်မည်ဖြစ်ပြီး   သဘာဝ ဘေးအန္တရာယ်များနှင့် နောက်ဆက်တွဲ အကျိုးဆက်များ           လျှော့ချနိုင်ကာ နိုင်ငံတော်        စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင် မည်ဖြစ်ပါသည်။    ။