Save the Children အဖွဲ့မှ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးမြှင့်တင်ဆောင်ရွက်

လှိုင်းဘွဲ ၁၅ ဇူလိုင်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် Save the Children အဖွဲ့မှ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါအသိပညာပေးရာတွင် Save the Children အဖွဲ့မှတာဝန်ခံ ဒေါက်တာကျော်လွင်မောင်က ငှက်ဖျား ရောဂါဖြစ်ပွားမှုနှုန်းနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်း ပြောကြားပြီး Save the Children အဖွဲ့မှ မန်နေဂျာ ဒေါက်တာ ကျော်ငြိမ်းဖြိုးလွင်နှင့် အဖွဲ့များက ငှက်ဖျားရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရနည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)