သာယာဝတီမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

သာယာဝတီ မေ ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက် နံနက်ပိုင်းက  အထက(၁) သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဉာဏ၊ ခရိုင်ပညာရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်နှင့် ဌာနဆိုင်ရာများ၊ ထက်လယ်မူကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြသည်။

 

သာယာဝတီမြို့နယ်တွင် မေ ၂၃ ရက် နံနက်ပိုင်းမှစ၍ အထက်တန်းကျောင်း ခြောက်ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၅ ကျောင်း၊ အလယ်တန်းကျောင်း ၁၃ ကျောင်း၊ အလကခွဲ ခြောက်ကျောင်းနှင့် မူလတန်းလွန် ၂၁ ကျောင်း၊ အမက ၁၂၅ ကျောင်း၊ အမကခွဲ လေးကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ကျောင်း စုစုပေါင်း ၁၉၂ ကျောင်းတွင် ကျောင်းအပ်နှံလက်ခံလျက်ရှသည်။

 

သန့်ဇော်(ပြန်/ဆက်)