သွားတိုက်ဆေးဘာကြောင့် အရေးကြီးလဲ

ရေးသားသူ Nadi
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar


အစားအသောက်ပြီးသွားတိုက်ခြင်းသည် တကိုယ်ရည်သန့်ရှင်းခြင်းအတွက် အလုပ်များဆုံးသော လုပ်ဆောင်ခြင်း တစ်ခုဖြစ်သည်။ သွားတိုက်ခြင်း ပလုပ်ကျင်းခြင်းက အစာဖက်တွေကို ဖယ်ရန်ကူညီပေးနိုင်သည်။ ထို့အပြင် သွားနှင့် သွားဖုံးကင်ဆာဖြစ်ခြင်းကိုလည်း နည်းစေသည်။ သို့သော် သွားတိုက်ခြင်းက သွားတိုက်ဆေးအပေါ်လည်း မူတည်သေးသည်။


ဘက်တီးရီးယားဆန့်ကျင်ပေးခြင်း။


သွားတိုက်ဆေးက သွားရှိအဖက်များပေါ်ခြင်းကို ကာကွယ်ပေးခြင်းဖြင့် သွားဖုံးယောင်ခြင်း သွားနားယောင်ခြင်းကို သက်သာစေသည်။ ပါးစပ်ထဲရှိ ဘက်တီးရီးယားက သွားထဲညှပ်နေသောအစာကို သွားဂျိုးပေါ်လာစေသည်။ ထိုအရာက သွားပိုးစားခြင်းနှင့် သွားဆုံးရှုံးသည်အထိ ဖြစ်စေသည်။


ထို့အပြင် သွားတိုက်ဆေးတွင် အတုများပါဝင်ပြီး ထိုအရာက သွားပေါ်တွင်နေကာ သွားကျိုးပေါ်ခြင်းအဖက်များ ကျန်နေခြင်းကို ကာကွယ်ပေးနိုင်သည်။ သွားတိုက်ဆေးတွင် ပိုးသတ်ဆေးအနည်းငယ်လည်း ပါဝင်နိုင်ပြီး ပါးစပ်ရှိ ပိုးမွားများကို သတ်ပေးနိုင်သည်။


သွားတိုက်ဆေးပါဝင်ပစ္စည်းများ။


များသောအားဖြင့် ဖလိုရိုက်ပါဝင်သည်။ ထိုအရာများက သွားကိုသန့်ရှင်းစေရုံမက ကာကွယ်ပေးသည်။ ဖလိုရိုက်က သင့်သွားအပေါ်ယံလွှာကို သန်မာစေပြီး ဘက်တီးရီးယားကြောင့်ဖြစ်သော အက်စစ်ပတ်ဝန်းကျင်မှ ကာကွယ်ပေးသည်။ သို့သော် သွားတိုက်ဆေးကို မြိုချခြင်းမှ ရှောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် အများကြီးမျိုချမိပါက အန္တရယ်ရှိသောကြောင့် ဖြစ်သည်။


ဆိုဒီယမ် 


ဘိုင်ကာဗွန်နိတ်သည်လည်း သွားတိုက်ဆေး တော်တော်များများတွင် ပါသည်။ အဓိကအားဖြင့် သွားဖြူလိုသည်က ဆိုသူများတွင်ပါသည်။ သိပ္ပံပညာရှင်များ၏ သွားတိုက်ရာတွင် သန့်ရှင်းလုံခြုံပြီး ထိရောက်သောအရာဟု သက်သေပြပြီးဖြစ်သည်။ ဘိတ်ကင်းဆိုဒါကို စီးပွားဖြစ် သွားတိုက်ဆေးအဖြစ် မတီထွင်ခင် သွားတိုက်ရာတွင် အသုံးပြုများခဲ့သော ကွန်ပေါင်းတခုဖြစ်ခဲ့သည်။


သင့်သွားက အရမ်းပူသော အေးသောအစာများကို ထိခိုက်လွယ်ပါက သင့်ကိုကူညီနိုင်သော အထူးပြုလုပ်ထားသည့် သွားတိုက်ဆေးရှိပါသည်။ သွားတိုက်ဆေးရှိ ဓာတုများက အာရုံကြောကိုငြိမ်စေရန် ကူညီပေးနိုင်ခြင်း ဦးနောက်ကိုပို့သော အချက်များကို ကာကွယ်ပေးခြင်းတို့ လုပ်ပေးနိုင်သည်။ သို့သော် ပြဿနာက ချက်ခြင်းပျောက်သွားခြင်းမဟုတ်ပဲ အချိန်တခုလိုပြီး ပြီးပါကလည်း ပြန်မဖြစ်ဖို့ဆက်လုပ်ရန် လိုအပ်သည်။


သွားတိုက်ဆေးက သင့်သွားအတွက်ကောင်းသည်။ သို့သော် သွားတိုက်ဆေးတစ်ခုတည်းက အကူအညီမဖြစ်သည်ကို သိထားသင့်သည်။


တစ်ခါလျင် သွားတိုက်ဆေးအများကြီးမသုံးပါနှင့်။ သွားတိုက်ရန် အချိန်ကောင်းကောင်းယူပြီး သွားတိုက်ရာတွင် ဂရုစိုက်ပါ။ ထိုမှာသာ ကျန်းမာပြီး လန်းဆန်းသောသွားကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။


Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”