သာပေါင်းမြို့တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ဆောင်ရွက်

သာပေါင်း  ၅  မေ

 


သာပေါင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို  မေ ၄ ရက်က စတင်ဆောင်ရွက်ကြောင်း သိရသည်။

 

ူ့ု

 


ယင်းကဲ့သို့ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးရာတွင် သာပေါင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဦးဇော်မင်းဦးမှ  ခွေးရူးရောဂါ လက္ခဏာများနှင့် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရာနှုန်းပြည့်ကာကွယ်ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါက်တာ ဒေါ်ထက်ထက်ခိုင်ဝင်းနှင့် အခြေခံ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများမှ ခွေး၊ ကြောင်(၂၀၄)ကောင်တို့ကို ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးကြသည်။

 


ဆက်လက်ပြီး သာပေါင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဦးဇော်မင်းဦးမှ သာပေါင်းမြို့နယ်အတွက် ခွေးရူးရောဂါကာကွယ်ဆေး ကောင်ရေ(၃၀ဝ) အခမဲ့ထိုးနှံနိုင်ရေး ကျေးရွာအုပ်စုများသို့ အခြေခံ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများနှင့် ပူးပေါင်းစီမံဆောင်ရွက်ကြကြောင်း သိရသည်။

 


သာပေါင်း(ပြန်/ဆက်)