သားလေးလိုချင်တဲ့ စုံတွဲတိုင်းအတွက် 

၁၃ စက်တင်ဘာ 


မိသားစုဘဝ ထူထောင်ထားတဲ့ စုံတွဲတိုင်း သူ့တို့ဆီ ရောက်လာမယ့် ရင်သွေးလေးတွေအတွက် ကြိုပြီးရင်ခုန်ကြတဲ့သူချည်းပါပဲ။ ဦးဆုံးလေးကို သားလေး လိုချင်တဲ့သူ ရှိသလို သမီးလေး လိုချင်တဲ့သူ ရှိပါတယ်။ တစ်ချို့ကျတော့လည်း သမီးလေးတွေချည်း မွေးထားတော့ သားလေးလိုချင်လို့ ကြိုးစားနေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သားဦးလေး လိုချင်တဲ့သူတွေ အတွက်ရော၊ သမီးလေးတွေရှိနေလို့ သားလေးလိုချင်တဲ့သူတွေ အတွက်ရော သိထားသင့်တဲ့ ကြိုးစားနည်းလေးတွေပဲ ဖြစ်ပါတယ်။


၁ ။ Using the Billings Method


ဒါကတော့ သားအိမ်ခေါင်းကနေထွက်လာတဲ့ အကျိအချွဲလေးတွေကိုခန့်မှန်းပြီး သားလေးရအောင် ကြိုးစားတဲ့နည်း ဖြစ်ပါတယ်။ ဒီအကျိအချွဲလေးရဲ့ အကျဲအပျစ်ကိုကြည့်ပြီး သားယောက်ျားလေးရဖို့ ဘယ်လိုအချိန်မှာ အတူနေရမလဲဆိုတာကို ပြောထားတဲ့ နည်းဖြစ်ပါတယ်။


သားအိမ်ရဲ့ အကျိအချွဲ


စေးကပ်ပြီး အနည်းငယ် ခြောက်နေတယ်ဆိုရင် အဲဒီအချိန်ဟာ မမျိုးဥ မကြွေတဲ့အချိန်ပါ။ ခရင်မ်လိုမျိုး ပျစ်နေတယ်ဆိုရင် မမျိုးဥ ကြွေတဲ့အချိန်ကို နီးကပ်လာပါပြီ။ အရည်ကျဲကျဲလေးလေးဆိုရင် သိပ်မကြာခင် သားဥကြွေတော့မှာဖြစ်လို့ အဲဒီအချိန်မှာ အတူနေလိုက်ရင် သားလေးရမှာ ဖြစ်ပါတယ်။


၂ ။ The Shettles Method


Dr. Landrum Shettles ပြောကြားချက်အရ သားလေးမွေးစေမယ့် အမျိုးသား သုက်ကောင်လေးတွေဟာ အမျိုးသမီး သုက်ကောင်လေးတွေထက် အပြေးပိုသန်တယ်လို့ ဆိုပါတယ်။. ဒါကြောင့် မမျိုးဥကြွေချိန်မှာ အမျိုးသားနဲ့ အတူနေလိုက်ရင် သားလေးပိုရနိုင်လို့လည်း ဆိုပါတယ်။


၃ ။ သားလေးရနိုင်ဖို့ ဆက်ဆံသင့်တဲ့ ပုံစံအနေအထားတွေ ။ ။


အဆုံးထိထိုးသွင်းတဲ့ အနေအထားနဲ့ လိင်ဆက်ဆံသင့်ပါတယ်။ ဒါမှ male sperms (သားလေးမွေးစေမယ့် သုက်ကောင်လေး) တွေဟာ မိန်းမကိုယ်တွင်းမှာရှိတဲ့ အက်ဆစ်နဲ့ အကြာကြီး မထိတွေ့ရဘဲ မမျိုးဥရှိရာဆီ အချိန်အတိုအတွင်း ရောက်မှာ ဖြစ်ပါတယ်။


နောက်တစ်ချက်က အမျိုးသမီးပြီးတဲ့အချိန် (orgasm) ရတဲ့အချိန်မှာ အတူပြီးသွားနိုင်ရင် ပိုကောင်းပါတယ်။ orgasm ရတဲ့အချိန်မှာ မိန်းမကိုယ်တွင်း အက်ဆစ်က ပျော့နေတဲ့အတွက် male sperms တွေကို အသေအကြေ မများစေနိုင်လို့ပါ။


၄ ။ သားလေးလိုချင်ရင် ဘယ်လို စားသောက်နေထိုင်ရလဲ ။ ။


Male sperms တွေက မိန်းမကိုယ်တွင်း pH ကို အက်ဆစ်ပြင်းပြင်းအစား alkaline pH (အယ်ကာလီ pH) ကို ပိုကြိုက်တာကြောင့် အက်ဆစ်ဓာတ်နည်းစေမယ့် အစားအသောက်တွေစားပေးဖို့လိုပါတယ်။


အယ်ကာလီဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကိုစားပါ – ချယ်ရီသီး၊ သံပယိုသီး၊ ထောပတ်သီး၊ ပျားသလပ်၊ဈ ဗန်ဒါစေ့၊ မုန်လာဥနီ၊ လိမ္မော်ရည်၊ မုန်လာဥဖြူ၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီးတို့ကို စားပေးလို့ရပါတယ်။


မနက်စာကို တစ်ဝကြီးစားပါ – ကယ်လိုရီအများကြီးပါတဲ့ မနက်စာတစ်ခွက်ဟာ အားအင်ပြည့်ဝစေလို့ သားယောက်ျားလေးရဖို့ အခွင့်အလမ်းက ပိုများစေတယ်လို့ ဆိုပါတယ်။


ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်များတဲ့ အစားအစာတွေစားပါ။ – အပေါ်မှာ ပြောခဲ့သလို မျိုးဥကြွေချိန်နဲ့ ချိန်ကိုက်ပြီး လိင်ဆက်ဆံမယ်၊ ဆိုဒီယမ်ပိုတက်ဆီယမ်များတဲ့ အစားအသောက်တွေစားမယ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်မယ်ဆိုရင် သားလေးရနိုင်ချေပိုများပါတယ်။


ပိုတက်ဆီယမ်များတဲ့ အစားအစာဆိုတော့ ငှက်ပျောသီး များများစားရမှာပေါ့။ ဆိုဒီယမ်များတဲ့ အစားအစာဆိုတာ ငန်တဲ့အစားအသောက်တွေပါ။ ကယ်လ်ဆီမယ် မဂ္ဂနီဆီယမ်များတဲ့ အစားအသောက်တွေဆိုတာ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ သူတို့ပါတဲ့ ဖြည့်စွက်အားဆေးတွေကို ရှောင်ရမှာပါ။


ဒါတွေကတော့ သားလေးလိုချင်တဲ့ စုံတွဲတိုင်း လိုက်နာသင့်တဲ့ နည်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာလေးနဲ့ ကိုယ့်ဆီရောက်လာတာလေးနဲ့ ကိုက်ရင်တော့ ပျော်ကြတာ လူတိုင်းပဲပေါ့ ။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဆီ သားလေးပဲ လာလာ၊ မီးလေးပဲလာလာ ရောက်လာတဲ့ရင်သွေးတိုင်းကို ချစ်ကြကြင်နာကြမယ့် သူချည်းပါပဲ။


ရေးသားသူ - Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”