သွားလာရန်ခက်ခဲသော ‌တောင်ပေါ်ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မိုင်းယန်း အောက်တိုဘာ ၁

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုရှိ တောင်ပေါ်ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး အုပ်စုအလိုက် ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုး စုရပ်များ၌ စက်တင်ဘာ ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာ အုပ်စုရှိ ကျေးရွာများမှ အသက် (၆၅) နှစ်အထက် ဘိုးဘွားများ၊ အသက် ၁၈ နှစ် ပြည့်ပြီးသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

မိုင်းယန်းမြို့နယ်တွင် ယန်းကောင်ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ၁၆၆ ဦးကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)