သာကေတမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ ကွင်းဆင်း ဆောင်ရွက်ပေး

သာကေတ   ၂၉  ဇူလိုင်

 

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် မဆုံးရှံးနိုင်ရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ အား ယနေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

 

mdn

 

သာကေတမြို့နယ်၊ ရပ်ကွက်(၁၉)ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသေးသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆောင်၍ ဇူလိုင်(၇)ရက်မှစပြီး အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တိုင်း ရပ်ကွက်အလိုက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကာ လူဦးရေ(၃၃)ဦးအား ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုဘုန်း(ပြန်/ဆက်)