သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင် ဆိုင်ကယ်(၁၃)စီး ခိုးမှုကျူးလွန်သူ(၁)ဦးကို ဖမ်းဆီးရမိ

ရန်ကုန် ၂ စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် အရှေ့ပိုင်းခရိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ရွာ၊ စက်မှုဇုန်(၂)၊ ငါးခြောက်တန်း(၃)လမ်းနေ ဇော်ထွန်း(ခ)ရွှေအကို သာကေတမြို့နယ်၊ (၁၀/မြောက်)ရပ်ကွက်၊ ရတနာအိမ်ရာလမ်းမပေါ်၌ တွေ့ရှိစစ်ဆေးရာ ၎င်းသည် ၂၀၂၀ ပြည့်နှစ်၊ မေလမှ ဇူလိုင်လအထိ သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တို့အတွင်း လှည့်လည်သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး (၁၃)စီးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါက်ခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး(၁၃)စီးကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ ဇော်ထွန်း(ခ)ရွှေအကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား