ရူပဗိမာန် ဈေးရောင်းပွဲတော်နှင့် ဂီတဆည်းဆာဖျော်ဖြေပွဲ ကျင်းပ

မန္တလေး ၃၁ ဒီဇင်ဘာ

           

မန္တလေးတက္ကသိုလ် ရူပဗေဒမိသားစုမှ အဌမအကြိမ် အာစရိယပူဇော်ပွဲအထိမ်းအမှတ် ရူပဗိမာန် ဈေးရောင်းပွဲတော်နှင့် ဂီတဆည်းဆာဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၉ ရက် ညနေ ၃ နာရီက မန္တလေးတက္ကသိုလ် ရူပလမ်းတွင်ကျင်းပရာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဓူးမင်းတို့ တက်ရောက်အားပေးပြီး ဈေးရောင်းပွဲနှင့်ဂီတဆည်းဆာကို ဖွင့်လှစ်ပေးသည်။

 

2

           

ရူပဗိမာန်ဈေးရောင်းပွဲတော်တွင် မန္တလေးတက္ကသိုလ်ရူပဗေဒမိသားစု နှစ်အလိုက် ကျောင်းသား ကျောင်းသူဟောင်းများက မြန်မာမုန့်မျိုးစုံ၊ အအေးတို့ကို နိဗ္မာန်ဈေးဖွင့်ရောင်းချပြီး ကုမ္ပဏီများမှ စတုဒီသာကျွေးမွေးမှုများ၊ မန္တလာဆေးရုံမှာ အခမဲ့ ကျန်းမာရေးစစ်ဆေးပေးမှုများ ဆောင်ရွက်ပေးကြသည်။

 

ညနေ ၅ နာရီတွင် ဂီတဆည်းဆာဖျော်ဖြေပွဲကို ရူပဗေဒကျောင်းသားကျောင်းသူဟောင်းများ၏ သီဆိုမှု၊  မန္တလေးတက္ကသိုလ်ဂုဏ်ဆောင် တမာနန်းရေသဘင်အသင်း၏ ကပြဖျော်ဖြေမှုနှင့် အဆိုတော် မွန်းအောင်၏ တစ်ကိုယ်တော် ဖျော်ဖြေမှုများဖြင့် ကျင်းပခဲ့သည်။  

 

မောင်ပြည်သူ(မန္တလေး)