ရုရှားတွင် ရေကြီးမှုများဖြစ်ပွား၊ လူ ငါးဦးထက်မနည်း သေဆုံး

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား အီကူတတ်စ်ဒေသတွင် ရေကြီးမှုများဖြစ်ပွားရာ လူပေါင်း ၁၀ဝ၀ကျော်ကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းစေခဲ့သည်ဟု ဆိုသည်။ 

 

ပြီးခဲ့သည့်အပတ်အင်္ဂါနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကမ်းပါးအချို့ ကျိုးပေါက်မှုဖြစ်ပွားခဲ့သည်။ အချို့ ခရိုင်များတွင် တနင်္ဂနွေနေ့အထိ ရေနစ်မြှပ်နေဆဲဖြစ်သည်။ 

 

mdn

 

ရေလွမ်းမိုးမှုကြောင့် အိမ်ပေါင်း ၁၇၀ဝမှာ ရေနစ်မြုပ်ခဲ့ရပြီး  လူငါးဦးထက်မနည်း သေဆုံးခဲ့ကာ နှစ်ဦး ပျောက်ဆုံးခဲ့ကြောင်း ရုရှားနိုင်ငံပိုင် တက်စ်သတင်းဌာနက ဖော်ပြသည်။ 

 

အိမ်အမိုးပေါ်တွင် သောင်တင်နေသည့်လူများကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်နေသည့်ပုံများကို ဗွီဒီဖိုင်တွင် ပြသထားသည်။ 

 

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲပြီးနောက် ဂျပန်နိုင်ငံမှ ပြန်လာသည့်  ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပြန်ရောက်ရောက်ချင်း ရေဘေးသင့်ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့သည်။ 

 

အိမ်များကို အမြန်ဆုံး ကြိုးစားပြီး ပြန်လည်တည်ဆောက်ကြရန်နှင့် ဘေးအန္တရာယ်ကျရောက်သူများကို ကူညီပေးရန် တာဝန်ရှိသူများကို ပူတင်က အမိန့်ပေးခဲ့သည်။ 

 

သတင်းများအရ မြစ်ရေများ ပြန်ကျနေပြီဖြစ်သော်လည်း လာမည့် တနင်္ဂနွေနေ့အထိ မိုးများရွာသွန်းအုံးမည်ဟု မိုးလေဝသဌာနမှ တာဝန်ရှိသူများက တွက်ဆထားကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်