ရုရှားနိုင်ငံ၌ လေပြင်းတိုက်ခတ်မှုများကြောင့် နှစ်ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

ဧပြီ ၄

ရုရှားနိုင်ငံ မြို့တော်မော်စကိုတွင် ယမန်နေ့က လေပြင်းများတိုက်ခတ်သဖြင့် နှစ်ဦးသေဆုံးပြီး အခြား ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့တော်ဝန် Sergei Sobyanin က ပြောကြားသည်။ တစ်စက္ကန့်လျှင် ၂၁ မီတာအထက် လေတိုက်နှုန်းရှိပြီး မြူနီစပယ်ပန်းခြံများနှင့် အခြားဖွင့်ထားသောအများပြည်သူ့ဆိုင်ရာနေရာများကို ပိတ်ထားရန် ၎င်းက တိုက်တွန်းပြောကြားထားသည်။ ဆေးကုသမှုခံယူရန်လိုအပ်သည့်ဒဏ်ရာရသူအားလုံးကို ဆေးကုသမှုလုပ်ဆောင်ပေး လျက်ရှိသည်ဟု ၎င်းကထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို