ရုရှားဈေးကွက်ခရီးသွားမြှင့်တင်ရေးနှင့် မော်စကိုနိုင်ငံတကာခရီးသွားပြပွဲ 

မျိုးမျိုးသန်း(ဟိုတယ်/ခရီး)

ခရီးသွားလုပ်ငန်းသည် ခရီးသွားဧည့်သည်များ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်ရေးသာမက ခရီးစဉ်ကာလအတွင်း ၎င်းတို့၏ နေထိုင်စားသောက်မှု ဆိုင်ရာ   ဝန်ဆောင်မှုများ  ဖြည့်ဆည်းပေးရေး၊ ဘေးကင်းလုံခြုံရေးနှင့်   စိတ်ချမ်းမြေ့သာယာရေး၊ အတွေ့အကြုံသစ်များနှင့်         နိုင်ငံကိုယ်စားပြု အမှတ်တရပစ္စည်းများ     ဖန်တီးရေးတို့ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရသဖြင့် လုပ်ငန်းကဏ္ဍ ကျယ်ပြန့်များပြားသည့်နည်းတူ မိမိတို့၏သဘာဝရှိရင်းစွဲအရင်းအမြစ်များကို အခြေခံ၍ နိုင်ငံခြားငွေ အမြောက်အမြားကို ရှာဖွေပေးနိုင်သည့် လုပ်ငန်း တစ်ခုလည်း ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ များသည် အလွှာပေါင်းစုံသို့ စီးဝင်သက်ရောက်မှု ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။


ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်


ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ အားဖြင့်   ဆွဲဆောင်မှုရှိသော   ခရီးစဉ်ဒေသများ ရှိခြင်း  (Attraction)၊    သွားလာမှုလွယ်ကူခြင်း (Accessibilities)၊   တည်းခိုနေရာထိုင်ခင်းရှိခြင်း (Accommodation)နှင့် စီမံခန့်ခွဲမှုရှိခြင်း (Admini-stration) စသည့်တို့နှင့် ပြည့်စုံရန် လိုအပ်ပါသည်။ ပြောင်းလဲလာသော ဈေးကွက်အရ ဧည့်သည်များ၏ လိုအပ်မှုကို ဖြည့်ဆည်းပေးမည့် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများဖြစ်ရန် အဓိကကျသောမူဝါဒများ မှာ ဆက်သွယ်ရေးဆိုင်ရာမူဝါဒ (Communication Policy)၊   ခရီးစဉ်ရောင်းချရေးမူဝါဒ   (Product Policy)၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ (Envi-ronment Policy)၊ ယှဉ်ပြိုင်နိုင်ရေး စံနှုန်းပြည့်ဝမှု မူဝါဒ (Competitiveness Quality & Efficiency Policy)၊    ခရီးသွားလုပ်ငန်းဈေးကွက်ရှာဖွေခြင်း မူဝါဒ (Tourism Marketing Strategy Policy)တို့ ဖြစ်ပါသည်။


ခရီးစဉ်ဒေသ       ဖွံ့ဖြိုးတိုးတက်မှုအတွက် ဈေးကွက်မြှင့်တင်မှုကဏ္ဍ   သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ ပေါင်းစပ် ပြီး ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်       ဆောင်ရွက်ရန်အတွက် ခရီးသွားလုပ်ငန်းဈေးကွက်ရှာဖွေခြင်း၏ အခြေခံမူ လေးခုဖြစ်သော   ခရီးစဉ်ဒေသ၊  နေရာ၊  ဈေးနှုန်း၊ အရောင်းမြှင့်တင်ခြင်းတို့အပေါ်မူတည်၍ စီမံကိန်းများ ရေးဆွဲကြပါသည်။ ခရီးသွားလုပ်ငန်းအဖွဲ့အစည်း များ၏ ဈေးကွက်မြှင့်တင်ခြင်းသည် ခရီးသွားများ အတွက် ဦးတည်ရာဈေးကွက်၌ ဝန်ဆောင်မှုလိုအပ် ချက်ကို   ဖြည့်ဆည်းပေးခြင်းဖြင့်  အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ 


ခရီးစဉ်ဒေသများ ကြော်ငြာ


ခရီးသွားလုပ်ငန်း      ဈေးကွက်မြှင့်တင်ခြင်း၏ သမားရိုးကျနည်းလမ်းများမှာ       ကြော်ငြာခြင်း၊ တိုက်ရိုက်ဆက်သွယ်ခြင်း၊ ရောင်းချခြင်းတို့ဖြစ်ပြီး နိုင်ငံတကာခရီးသွားပြပွဲများတွင် နိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများအား    ဝင်ရောက်ပြသခြင်း၊ အဓိကခရီးသွားဈေးကွက် နိုင်ငံများတွင် မိမိတို့နိုင်ငံ ခရီးစဉ်ဒေသနှင့် ယဉ်ကျေးမှုပြပွဲများ ကျင်းပပြုလုပ် ခြင်း၊ နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းဆောင်ရွက် သူများ၊ မီဒီယာများ၊ ခရီးသွားဆောင်းပါးရေးသားသူ များ၊  Travel   Blogger   များအား  ဖိတ်ကြား၍ ချစ်ကြည်ရင်းနှီးမှုခရီးစဉ် (Familiarization Trip)များ ဆောင်ရွက်ခြင်း၊ Social Media များမှတစ်ဆင့် ထိရောက်စွာမြှင့်တင်ကြော်ငြာခြင်း၊    နိုင်ငံတကာ လေကြောင်းလိုင်းများ၏ Inflight Magazine များ တွင် ခရီးစဉ်ဒေသများအကြောင်း ကြော်ငြာခြင်း အစရှိသည့် အစီအစဉ်တို့ လုပ်ဆောင်ကြပါသည်။


ခရီးသွားလုပ်ငန်းသည် ဌာနတစ်ခု၊ အဖွဲ့အစည်း တစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ ဌာနအားလုံးနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များအားလုံး ပေါင်းစပ်ညှိနှိုင်း ဆောက်ရွက်ရသောကြောင့် မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ရေး၊   ရှိပြီးသား ခရီးစဉ်များ  ရေရှည်တည်တံ့ဖွံ့ဖြိုးရေး၊   ခရီးသွား မြှင့်တင်ရေးလုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံအတွင်း လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေးတို့အတွက်ဟိုတယ်နှင့်   ခရီးသွားလာရေးဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ 


မြန်မာနိုင်ငံ၏    ခရီးသွားလုပ်ငန်းဈေးကွက် ချဲ့ထွင်ရန်  ကမ္ဘာ့နိုင်ငံအသီးသီးမှ  သိရှိစေရန်နှင့် နိုင်ငံတကာမှ   ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ နှင့်   ချိတ်ဆက်ဆောင်ရွက်နိုင်ရန်    နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏     ညီနောင်အသင်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ပါဝင်ပြသလျက်ရှိပါသည်။ နှစ်စဉ်အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်၊ မော်စကိုနိုင်ငံတကာခရီးသွားပြပွဲ၊ ဘာလင်အပြည်ပြည်ဆိုင်ရာ        ခရီးသွားပြပွဲ၊ ထိုင်းခရီးသွားပြပွဲ၊  ဟိုချီမင်းနိုင်ငံတကာခရီးသွား ပြပွဲ၊ ဂျပန်ခရီးသွားပြပွဲ၊ ကမ္ဘာ့ခရီးသွားပြပွဲ၊ တရုတ် နိုင်ငံတကာခရီးသွားပြပွဲ၊ အာဆီယံ-တရုတ် ခရီး သွားပြပွဲ၊ အာဆီယံ-ကိုရီးယား ယဉ်ကျေးမှုနှင့် ခရီး သွားပြပွဲ   အစရှိသည့်ပြပွဲများ၌    မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မြှင့်တင်ကြော်ငြာရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ 


ခရီးသွားဆွဲဆောင်မှုများကို မြှင့်တင်


ယနေ့အချိန်အခါသည် Information Techno-logy ခေတ်ဖြစ်သောကြောင့် သမားရိုးကျ ခရီးသွား မြှင့်တင်ရေးလုပ်ငန်းကနေ       အထိရောက်ဆုံး ဖြစ်သော၊    နည်းပညာသုံးဈေးကွက်မြှင့်တင်ရေး ဖြစ်သော Digital Marketing နည်းဖြင့် ခရီးသွား ဆွဲဆောင်မှုများကိုမြှင့်တင်ရန်      ဝန်ကြီးဌာန၏ Website www.tourism.gov.mm နှင့် WebPortal  www.tourisminmyan  mar.com.mm   တို့ကို ဘာသာစကား(၁၁)မျိုး (မြန်မာ၊အင်္ဂလိပ်၊ ရုရှား၊  ဂျာမနီ၊  စပိန်၊  အီတလီ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်)တို့ဖြင့် လွှင့်တင်ထားရှိပါသည်။ မြန်မာနိုင်ငံသို့ လာရောက်သော ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအတွက်      မြန်မာနိုင်ငံ ခရီးသွားဆွဲဆောင်မှုများ၊    ရိုးရာပွဲတော်များနှင့် ပတ်သက်သော    သတင်းအချက်အလက်များကို အလွယ်တကူရှာဖွေနိုင်ရန်      တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာရှိသော ဝန်ကြီးဌာန၏ Informa-tion Counter များမှာ Digital Signage များ ထားရှိ ခြင်း၊ QR Code စနစ်ထားရှိခြင်း၊ Mobile Applica-tion များကို ရေးဆွဲခြင်း၊ Social Media Platforms များဖြစ်သော Facebook, Twitter, Instagram စသည်တို့ဖြင့် လွှင့်တင်ကြော်ငြာခြင်းတို့ ဆောင်ရွက် လျက်ရှိပါသည်၊၊


ရုရှားဈေးကွက် ခရီးသွားမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံ၏   ထင်ရှားသော ခရီးစဉ်ဒေသများ အကြောင်းကို ရုရှားဘာသာဖြင့် ရေးသားထားသော Welcome to the Golden Land လက်ကမ်းစာစောင် များ၊ Mingalabar စာအုပ်တို့ကိုထုတ်ဝေ၍ နိုင်ငံ တကာ ခရီးသွားပြပွဲများ၊ ပြည်ပရှိ မြန်မာနိုင်ငံသံရုံး များ၊ ရုရှားနိုင်ငံ၌ ကျင်းပသော ခရီးသွားပြပွဲများ၌ ခင်းကျင်းပြသခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ၁၉၉၄ ခုနှစ်မှ  စတင်ကျင်းပခဲ့သော မော်စကိုနိုင်ငံတကာခရီးသွားပြပွဲသို့ ၂၀၁၅ ခုနှစ်နှင့်၂၀၁၆ ခုနှစ်တို့တွင် မြန်မာနိုင်ငံ      ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ခရီးသွားပြခန်းပါဝင်ပြသခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကိုမြို့ Expo Centre တွင် ကျင်းပပြုလုပ် ခဲ့သော  (၂၅)  ကြိမ်မြောက် မော်စကိုနိုင်ငံတကာ ခရီးသွားပြပွဲတွင်   ဟိုတယ်နှင့်  ခရီးသွားလာရေး ဝန်ကြီးဌာနက    ဦးဆောင်၍   အစိုးရ၊  ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်  ၁၅  ဦး ဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ကို မြန်မာနိုင်ငံခရီးသွားထုတ်ကုန် ခရီးစဉ်ဒေသ များအား ပြသခဲ့ပါသည်။ 


မော်စကို နိုင်ငံတကာခရီးသွားပြပွဲသည် ရုရှား နှင့် အရှေ့ဥရောပတွင်ကျင်းပသော ကမ္ဘာ့ခရီးသွား ပြပွဲများအနက် ကမ္ဘာ့နံပါတ် ၅ အဆင့်ရှိ ခရီးသွားပြပွဲ ဖြစ်ပါသည်။ နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းရှင် များသည် မိမိတို့နိုင်ငံ၏ ခရီးစဉ်ဒေသများကို ရုရှား ခရီးသွားဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်နှင့် ရုရှား ခရီးသွားလုပ်ငန်းနယ်ပယ်အတွက် ခရီးသွားလုပ်ငန်း ရှင်များ တွေ့ဆုံနိုင်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါ သည်။ (၂၅)ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီး သွားပြပွဲသည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်  ကမ္ဘာ တစ်ဝန်းရှိ Top Tourist Destination နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၈၂ နိုင်ငံရှိ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ၊  ၇၀ ကျော်ခန့်မှ ပြခန်းပြသူပေါင်း ၂၀၀၀   ကျော်ခန့်  ပါဝင်ပြသခဲ့ပြီး ပြပွဲလာရောက် ကြည့်ရှုသူ စုစုပေါင်း ၂၃၀၀၀ တို့အား ခရီးသွား လုပ်ငန်းထုတ်ကုန်နှင့် ဝန်ဆောင်မှုတို့အား မြှင့်တင် ကြော်ငြာ၍ ရောင်းချခဲ့ကြပါသည်။


မီဒီယာများမှတစ်ဆင့် ခရီးသွားများအားဆွဲဆောင်


မော်စကိုနိုင်ငံတကာ      ခရီးသွားပြပွဲကာလ အတွင်း ပြခန်းများ ခင်းကျင်းပြသရာတွင် အမျိုးသား အဆင့်နှင့် ဒေသအဆင့် ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ များ၊   ခရီးသွားလုပ်ငန်းကုမ္ပဏီများ၊  ဟိုတယ်နှင့် တည်းခိုနေထိုင်ရေး၊   Online   booking  စနစ်၊ လေကြောင်းလိုင်းများနှင့် Medical Tourism ပြခန်း များအား ကမ္ဘာ့ဒေသများ၊       နိုင်ငံများအလိုက် နေရာခွဲ၍ပြသခြင်း၊ပြခန်းများတွင်  ခရီးသွားများအား ဆွဲဆောင်ရာနေရာများ၊  ခရီးသွားအာမခံလုပ်ငန်း များ၊ ယာဉ်ငှားရမ်းမှု၊ ခရီးသွားလုပ်ငန်းပညာရေး၊ ပစ္စည်းဝယ်ယူမှု၊  ပြည်ပနိုင်ငံများတွင်   အိမ်ခြံမြေ ငှားရမ်းမှုနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာ အချက်အလက်များကိုလည်း   ပြသထားပါသည်။

ပြပွဲကျင်းပသည့် ကာလအတွင်း ဆွေးနွေးပွဲများ၌ ခရီးသွားလုပ်ငန်းဈေးကွက်ဆိုင်ရာ၊    ခရီးသွား လုပ်ငန်းကုမ္ပဏီဌာနချင်း ဆက်သွယ်ရေးနှင့် ခရီး သွားများနှင့် ချိတ်ဆက်ဝန်ဆောင်မှုပေးရေးဆိုင်ရာ ကိစ္စများ၊ မီဒီယာများမှတစ်ဆင့် ခရီးသွားများအား ချိတ်ဆက်ဆွဲဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း သတင်း အချက်အလက်များ   စုဆောင်းဖြန့်ဝေနိုင်မှု၊  နိုင်ငံ တစ်နိုင်ငံ၏   နိုင်ငံရေး၊  စီးပွားရေးအခြေအနေ၊ ငွေကြေးခိုင်မာမှု ရှိ/မရှိ၊ သွားလာနေထိုင်စားသောက် ရေး လွယ်ကူချောမွေ့မှု ရှိ/မရှိ စသည့်အချက်များက ခရီးသွားလုပ်ငန်းအပေါ်      အကျိုးသက်ရောက်မှု ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြပွဲတက်ရောက် သူ  ခရီးသွားလုပ်ငန်း  ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးခဲ့ကြပါသည်။ 


ဗီဇာကန့်သတ်ချက်     လျှော့ပေါ့ပေးနိုင်မှုနှင့် ကင်းလွတ်ခွင့်ပြုနိုင်မှုတို့၏    အရေးပါပုံ၊   ရုရှား ခရီးသွားများ သွားရောက်လေ့ရှိသည့် ကမ္ဘာပေါ်ရှိ ခရီးသွားနေရာများ၊ လုပ်ငန်းဈေးကွက်များ အခြေ အနေ၊ ခရီးသွားများ၏ ငွေကြေးသုံးစွဲမှုအနေအထား၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရာတွင်          ခရီးစဉ်၊ သွားရောက်မည့်နေရာ၊     လူလတ်တန်းစားများ ခရီးသွားလာမှုအပေါ်   စိတ်ဝင်စားမှု၊   ရာသီဥတု၊ ယဉ်ကျေးမှု၊      အစားအသောက်များအရေးပါပုံ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် နေရာထိုင်ခင်း၊ အစားအသောက်၊ အမှတ်တရပစ္စည်းများ ရောင်းချ မှု စသည့်ကဏ္ဍများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ   ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ပြုလုပ်ကြပါသည်။


ခရီးသွားပြပွဲတွင်     မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းပါဝင်ပြသရာ၌   ခရီးသွားဆွဲဆောင်မှုများ ဖြစ်သော ထင်ရှားသည့် ခရီးစဉ်ဒေသများဖြစ်သော ရွှေတိဂုံဘုရား၊  မန္တလေးနန်းတော်နှင့် ကျုံးအလှ၊ မြိတ်ကျွန်းစု၊   ပုဂံယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ်ဒေသ၊ ဂေါ်ရန်ဂျီကျွန်း၊ မြန်မာ့ရိုးရာအတာသင်္ကြန် ဆင်နွှဲနေကြသည့်ရုပ်ပုံများဖြင့်   ပုံဖော်ပြသခြင်း မြန်မာ့အနုပညာလက်ရာများ ဖြစ်ကြသော ရုပ်သေး ရုပ်များ၊ ပန်းချီကားများပြသခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း Brand ဖြစ်သော Myanmar: Let the Journey Begin ကို ကြော်ငြာခြင်း၊ ဝန်ကြီးဌာနမှ ထုတ်ဝေသော မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း  ဆိုင်ရာ   အချက်အလက်များအား  ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်   ထုတ်ဝေထားသောစာအုပ် စာစောင်များနှင့် မြန်မာနိုင်ငံ ခရီးစဉ်ဒေသများကို ရိုက်ကူးထားသော ဗီဒီယိုခွေများ ခင်းကျင်းပြသခြင်း၊ ပြခန်းသို့လာရောက်သော ရုရှားနိုင်ငံနှင့် နိုင်ငံတကာ မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် စိတ်ပါ ဝင်စားသူများအား ခရီးစဉ်များအတွက် ဗီဇာကိစ္စ များ၊ ခရီးသွားဆွဲဆောင်မှုများနှင့် ယဉ်ကျေးမှုဓလေ့ ထုံးစံများ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း    ကုမ္ပဏီများမှလည်း ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာခြင်း၊ ရောင်းချ ခြင်းတို့ကို ဆောင်ရွက်ကြသည်၊၊


မြန်မာနိုင်ငံကိုယ်စားပြုပြခန်းတွင် ရုရှားနိုင်ငံ အခြေစိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းမီဒီယာ များ၊ ခရီးသွားမဂ္ဂဇင်းကုမ္ပဏီများမှ ကိုယ်စားလှယ် များက လာရောက်တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ် ခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေးမှုအရ မြန်မာနိုင်ငံသို့ ရုရှားခရီးသွားရောက်ရှိမှုအရေအတွက် နည်းပါး ရခြင်းအကြောင်းရင်းများတွင် ရုရှားနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံအကြောင်းသိရှိရန် သတင်း အချက်အလက်များ ဖြန့်ဝေရန်လိုအပ်မှု၊ မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများအကြောင်း နှင့်    အတွေ့အကြုံများကို   ရုရှားဘာသာဖြင့် ကြော်ငြာပေးမည့် ခရီးသွားလုပ်ငန်းရှင်များ၊ သတင်း မီဒီယာများကို     ချစ်ကြည်ရင်းနှီးမှုခရီးစဉ်များ ဖိတ်ခေါ်ခြင်း၊ ရုရှားနိုင်ငံတွင် ပြန်လည်မျှဝေခြင်းဖြင့် ခရီးသွားရန်ဆွဲဆောင်နိုင်မှု၊ ရုရှားနိုင်ငံသားများသည် ပင်လယ်ကမ်းခြေ   ခရီးစဉ်ဒေသများနှင့်  စွန့်စား ခရီးစဉ်ဒေသများသို့   သွားရောက်လည်ပတ်ရန် စိတ်ဝင်စားမှုကို သိရှိရသည်၊၊


ရုရှားနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ ခရီးစဉ် များ   သွားရောက်လည်ပတ်မှုနှင့်   ပတ်သက်၍ အာရှနိုင်ငံများတွင် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ များသို့ အများဆုံး သွားရောက်လည်ပတ်ကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါနိုင်ငံများ၏ ရုရှားခရီးသွား စျေးကွက်မြှင့်တင်ရေးတွင် ရုရှားနိုင်ငံရှိ ခရီးသွားလာရေးလုပ်ငန်းများနှင့်ပူးပေါင်း၍ ယဉ်ကျေးမှုခရီး သွားလာရေးနှင့် ကုန်သွယ်ရေးပြပွဲများကို မော်စကို မြို့တွင် ကျင်းပခဲ့ရာ ရုရှားခရီးသွားဧည့်သည်များ ဝင်ရောက်လာသောကြောင့်   ခရီးသွားလုပ်ငန်း အတွက်        အထောက်အကူဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည် ပိုမိုလာရောက်ရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံမြို့ကြီး များသို့ Road Show များကျင်းပခြင်း၊ ခရီးသွားပြပွဲ များတွင်  ပါဝင်ပြသခြင်း  စသည့်ရုရှားဈေးကွက် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်သင့် ကြောင်း သိရှိရပါသည်၊၊


ထို့ပြင် မြန်မာ့သဘာဝအလှအပများကို ရုရှား ခရီးသွားများအတွက်     ဖော်ထုတ်ရှင်းလင်းပြသ နိုင်မည့် ရုရှားဘာသာဧည့်လမ်းညွှန်များ လိုအပ်ချက် ဖြည့်ဆည်းရန်၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံရှိ ခရီးသွား လာရေးဝန်ကြီးဌာနများအကြား       အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ စီစဉ်ပေးရန်၊   ရုရှားနိုင်ငံ နှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်ချိတ်ဆက်ထား သည့် ဘဏ်များထားရှိရန်၊ မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသများကို ရုရှားခရီးသွားများ ပိုမိုသိရှိရန်အတွက် ခရီးသွားမြှင့်တင်ရေးဗီဒီယိုများကို ပိုမိုရိုက်ကူးရန် နှင့် ရုရှားနိုင်ငံရှိ လူသိများသော  သတင်းဌာနများ မှတစ်ဆင့် လွှင့်တင်ရန်တို့ ဆောင်ရွက်သင့်ကြောင်း ကိုလည်း သိရှိခဲ့ရပါသည်။


ရုရှားခရီးသွားများကို  ဆွဲဆောင်


နိုင်ငံတကာမှ   လာရောက်ခင်းကျင်းပြသကြ သည့် ပြခန်းအများစုမှာ ကိုယ်စားပြုနိုင်ငံများ၏ Brand ၊ Highlights ဖြစ်သည့် ခရီးစဉ်ဒေသများကို ရုရှားဘာသာဖြင့် လွှင့်တင်ကြပြီး ခရီးသွားမြှင့်တင် ရေး လက်ကမ်းစာစောင်များ၊ ကြော်ငြာများကိုလည်း ရုရှားဘာသာဖြင့် ကြော်ငြာလျက်ရှိသဖြင့် မြန်မာ နိုင်ငံကလည်း  ခရီးသွားအချက်အလက်များအား ရုရှားဘာသာဖြင့် ထုတ်ဝေနိုင်ရေးစီစဉ်ခြင်း၊ ပြခန်း ၌   နိုင်ငံ၏  ယဉ်ကျေးမှုဓလေ့ထုံးစံများ၊  ဝတ်စား ဆင်ယင်မှု၊   ရိုးရာအစားအသောက်များ  ပြုလုပ်ပုံ တို့ကို ပြသခြင်း၊ ရုရှားဘာသာစကားဖြင့် ရှင်းလင်း ပြောကြားခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ရုရှားခရီး သွားများကို     ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ 


အကျိုးကျေးဇူးများရရှိ


(၂၅)ကြိမ်မြောက်      မော်စကိုနိုင်ငံတကာ ခရီးသွားပြပွဲ (Moscow International Travel & Tourism Exhibition)သို့ ပါဝင်တက်ရောက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေအနေများ​ကို ရှင်းပြနိုင်ခြင်း၊   ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် online နှင့် offline media များကို အသုံးပြု ဆောင်ရွက်နိုင်ရေး၊နိုင်ငံတကာခရီးသွားမြှင့်တင်ရေးစာစောင်၊ သတင်းစာ၊ မဂ္ဂဇင်းများတွင် မြန်မာ နိုင်ငံ၏ သတင်းအချက်အလက်များကို ထည့်သွင်း ကြော်ငြာနိုင်ခြင်း၊   နိုင်ငံတကာခရီးသွားလုပ်ငန်း မီဒီယာများနှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရခြင်း၊ မြန်မာ နိုင်ငံ ခရီးစဉ်ဒေသများနှင့် ပတ်သက်သော သတင်း အချက်အလက်များနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ဗီဒီယိုများကို ပြသနိုင်ခဲ့ခြင်း၊ ရှင်းလင်းနိုင်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပိုမိုသိရှိစေနိုင် ခြင်း၊ ရုရှားနိုင်ငံနှင့်  ဥရောပနိုင်ငံများ၏  ခရီးသွား လုပ်ငန်း စျေးကွက်လိုအပ်ချက်များကို သိရှိခွင့်ရ ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် အာရှဥရောပဈေးကွက် နှင့် ရုရှားဈေးကွက်မြှင့်တင်ရေးအတွက် အခွင့် အလမ်းများရရှိခြင်း   စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။ 
၂၀၂၁   ခုနှစ်   စက်တင်ဘာလခန့်မှစတင်၍ ကမ္ဘာလုံးဆိုင်ရာ     ကပ်ရောဂါဖြစ်ပွားမှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီးဖြစ်သည့် အတွက်   ကမ္ဘာ့ခရီးစဉ်ဒေသအချို့မှ   ခရီးသွား လုပ်ငန်းများနှင့် လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက်         ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး လုပ်ငန်းများဖြစ်သည့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ခြင်း Online & Offline ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ခြင်း၊ Online ခရီးသွားပြပွဲများ    ပြုလုပ်ခြင်းမှ   In  Person တက်ရောက်နိုင်မည့် ခရီးသွားပြပွဲများ ကျင်းပခြင်း၊ လူ့စွမ်းအားအရင်းအမြစ်      ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ဆွဲဆောင်မှုခရီးစဉ်အသစ် ဖော်ထုတ် ရေးလုပ်ငန်းများကို    တွန်းအားပေးဆောင်ရွက် ကြပါသည်။


မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ လမှစတင်ပြီး   ကိုဗစ်-၁၉  ကပ်ရောဂါပြန့်ပွားမှု လျော့နည်းလာပြီး ပြည်တွင်းခရီးသွားလုပ်ငန်းများစတင်ခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဧည့်သည်များ      ရောက်ရှိမှုတိုးမြှင့်နိုင်စေရေး အတွက်၁၇-၄-၂၀၂၂ ရက်နေ့မှစ၍ နိုင်ငံတကာ လေကြောင်းလိုင်းများအား   ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ခွင့်ပြုခဲ့ပါ သည်။  ရုရှားနိုင်ငံမှ ခရီးသွားများ  မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်စေရေး ရည်မှန်းပြီး ရုရှား နိုင်ငံသား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသူများအတွက် စီးပွားရေးနှင့် ကမ္ဘာလှည့်ခရီး သည် ဗီဇာရက် ၃၀ ကင်းလွတ်ခွင့်အား ၁-၇-၂၀၂၂ ရက်နေ့မှ ၃၀-၆-၂၀၂၃ ရက်နေ့အထိ စမ်းသပ်ကာလ တစ်နှစ်ဖြင့် ခွင့်ပြုခဲ့ပါသည်။ ရုရှားနိုင်ငံသည် မြန်မာ နိုင်ငံ၏        အဓိကဦးတည်ဈေးကွက်နိုင်ငံများ ဖြစ်လာရန် အလားအလာကောင်းများရှိသည့် နိုင်ငံ ဖြစ်ခြင်း၊   ဒေသတွင်းနိုင်ငံများနှင့်  နှိုင်းယှဉ်လျှင် ရုရှားခရီးသွားဧည့်သည်အရေအတွက်     နည်းပါး နေသေးသောကြောင့်    ဗီဇာဖြေလျှော့မှု၊  နှစ်နိုင်ငံ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးတို့သည် အလွန်အရေးပါလှပါသည်။ 
မြန်မာ-ရုရှား     နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး    လုပ်ငန်းစဉ်များတွင် ခရီးသွားလုပ်ငန်းကဏ္ဍသည်လည်း   ကဏ္ဍတစ်ခု အနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ-ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး၊ ရုရှားခရီးသွားဧည့်သည်များကို မြန်မာနိုင်ငံ သို့ ပိုမိုလာရောက်စေရေးအတွက် မြန်မာ-ရုရှား သံတမန်ဆက်သွယ်ထူထောင်မှုသည် စိန်ရတုကာလ ရောက်ရှိချိန်တွင် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ကဏ္ဍ   ပူးပေါင်းဆောင်ရွက်ရေးကို   မြှင့်တင်ရန်၊ ရုရှားခရီးသွားဧည့်သည်များ  မြန်မာနိုင်ငံသို့   ပိုမို ဝင်ရောက်ရေး  အစီအစဉ်များ  ဆောင်ရွက်ရမည့် အချိန်အခါဖြစ်ပါသည်။ 
၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်  မတ်လ၌ ကျင်းပသော မော်စကိုနိုင်ငံတကာခရီးသွား ပြပွဲကို  ကျင်းပနိုင်ခြင်းမရှိဘဲ   ရပ်နားခဲ့ပါသည်။ ကိုဗစ်-၁၉  ကပ်ရောဂါအလွန်ကာလ ၂၀၂၂ ခုနှစ် မတ်လတွင် အောင်မြင်စွာ  ကျင်းပပြုလုပ်နိုင်ခဲ့သော (၂၈) ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွား ပြပွဲတွင်   နိုင်ငံပေါင်း   ၄၄  နိုင်ငံနှင့် ရုရှားနိုင်ငံရှိ ဒေသ  ၇၉  ခုတို့မှ ပါဝင်ပြသသူ ကုမ္ပဏီအဖွဲ့အစည်း ပေါင်း  ၅၄၁  ခုနှင့် ပါဝင်တက်ရောက်သူ  ၉၁၉၇ ဦးတို့ ရှိခဲ့ပါသည်။ ပြပွဲကာလတွင် စီးပွားရေးနှင့် စပ်လျဉ်းသည့် Event  ၁၄ ခု ကျင်းပပြုလုပ်ခဲ့ရာ ကျွမ်းကျင်ပညာရှင် ၂၇၉၀  နှင့် Speaker  ၁၃၇ ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ   ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ခရီးစဉ်ဝယ်ယူသူ အသစ်များ ရှာဖွေနိုင်ခဲ့သည့် ပြပွဲတစ်ခုလည်းဖြစ်ခဲ့ ပါသည်။


မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပါဝင်ပြသမည်


မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ခရီးသွား လုပ်ငန်းအရင်းအမြစ်များနှင့် မြန်မာ-ရုရှား နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး   အလားအလာ ကောင်းများကို  အခြေခံ၍  ရုရှားဈေးကွက်တွင် မြန်မာနိုင်ငံ  ခရီးသွားထုတ်ကုန်များကို  မြှင့်တင် ကြော်ငြာရောင်းချနိုင်ရန် ရည်ရွယ်၍ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ မော်စကိုမြို့ရှိ Crocus Expo Centre ၌ ၂၀၂၃ ခုနှစ် မတ်လ  ၁၆  ရက်နေ့တွင် ကျင်းပမည့် (၂၉) ကြိမ်မြောက်   မော်စကိုနိုင်ငံတကာခရီးသွား ပြပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင်အသင်းများနှင့် ကိုယ်စားလှယ်များ ပါဝင်၍ မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပါဝင်ပြသ မည်ဖြစ်ပါသည်။ 


(၂၉)ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွား ပြပွဲသည်   ရုရှားဒေသတွင်း  ခရီးသွားဈေးကွက် သာမက ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသွားကုမ္ပဏီများ အတွက် မိမိတို့နိုင်ငံ၏ ခရီးသွားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား   ပြသနိုင်မည့်  နိုင်ငံတကာ ခရီးသွားပြပွဲတစ်ခုဖြစ်ပြီး         ခရီးသွားပြပွဲသို့ တက်ရောက်လာသူများအား မိမိတို့နိုင်ငံ၏ ခရီးစဉ် ဒေသများ၊    ဆွဲဆောင်မှုများ၊   ရိုးရာယဉ်ကျေးမှု၊ စိတ်ဝင်စားဖွယ်ခရီးစဉ်များနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ဖြန့်ဝေနိုင်ခြင်း၊ ခရီးစဉ်ဝယ်ယူ သူအသစ်များ ရှာဖွေနိုင်ခြင်း စသည့်အကျိုးကျေးဇူး များလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ နိဂုံးချုပ်အား ဖြင့် (၂၉) ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွား ပြပွဲသို့   မြန်မာနိုင်ငံကိုယ်စားပြု  ခရီးသွားပြခန်း ပါဝင်ပြသခြင်းဖြင့် ရုရှားဈေးကွက်တွင် မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေးကို   အထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း    ရေးသားရင်း   မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးထူထောင်သည့်  (၇၅) နှစ် မြောက် စိန်ရတုနေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ်ပြု အပ်ပါသည်။