ရုပ်သံဇာတ်လမ်းတွဲသစ်မှာ ယူရာကို သရုပ်ဆောင်တစ်ဦးအဖြစ် တွေ့မြင်ရမည်

အောက်တိုဘာ ၃၀

SBS ရုပ်သံလိုင်းက ရိုက်ကူးတင်ဆက်သွားမယ့် ဇာတ်လမ်းတွဲရုပ်ရှင် Now We Are Breaking မှာ တောင်ကိုရီးယား အမျိုးသမီးတေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girls' Day အဖွဲ့ဝင်ယူရာ ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ယင်းဇာတ်လမ်းတွဲမှာ ယူရာကို စတိုင်ကျလှပတဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးအဖြစ် တွေ့မြင်ရမှာဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာ မင်းသမီး ဆောင်းဟေကိုနဲ့ မင်းသား ဂျန်ကီယောင်းတို့က ခေါင်းဆောင် ပါဝင်ထားတာပါ။ အချစ်ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ အဆိုပါ ဇာတ်လမ်းတွဲမှ ယူရာရဲ့ ပုံရိပ်တွေကို လတ်တလောမှာ ထုတ်ဖော်ပြသခဲ့တာကိုလည်း တွေ့ရပါတယ်။

အမျိုးသားတေးဂီတအဖွဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆယ်ဟွန်းလည်း အဆိုပါ ဇာတ်လမ်းတွဲမှာ ပါဝင်ထားပြီး သူ့ကိုတော့ ဖက်ရှင်ကုမ္ပဏီတစ်ခုက ဝန်ထမ်းသစ်တစ်ဦးအဖြစ် တွေ့မြင်ရမှာပါ။ အဆိုပါ ဇာတ်လမ်းတွဲကို လာမယ့်နိုဝင်ဘာ ၁၂ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်