ရုပ်သံဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ ကင်ဟာနူး

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ကင်ဟာနူးဟာ ရုပ်သံ ဇာတ်လမ်းတွဲသစ်နဲ့အတူ ပရိသတ်ရှေ့အရောက် ပြန်လာဖို့ရှိနေပါတယ်။ သူဟာ လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲသစ်အတွက် ဆွေးနွေးနေကြောင်း စွန်ပီ ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ။

 

မင်းသမီးဟာ Kill Heel လို့ ယာယီအမည် ပေးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ဖို့အတွက် လက်ရှိမှာ ဆွေးနွေးနေကြောင်း နိုဝင်ဘာ ၃ ရက် မှာ ဒေသတွင်း မီဒီယာတစ်ခုက ရေးသားဖော်ပြခဲ့ပါတယ်။ ဒီသတင်း နဲ့ပတ်သက်ပြီး သူ့ရဲ့ အေဂျင်စီကတော့ လက်ရှိမှာ စဉ်းစားပေးနေဆဲဖြစ်ပြီး လက်ခံဖို့အတွက် ဆုံးဖြတ်ချက် မချရသေးကြောင်း ဆိုပါတယ်။

 

အေးပြည့်