ရုပ်ရှင်မင်းသားဖြစ်ပြီးမှ အကယ်ဒမီ ရမယ်ဆိုတာ ကျွန်တော့်ရဲ့ ဒုတိယ အိပ်မက်ပါ

ရန်ကုန် ၁၃ မတ်

 

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ရွှေကြိုအစား အကူမောင်မယ်များအဖြစ် အနုပညာရှင်များ၏ ရင်သွေးများက ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ယခုနှစ်အတွက် ကူညီ ဆောင်ရွက်ပေးသွားကြမည့် အကယ်ဒမီများရှင် ဒေါ်ချိုပြုံး၏မြေး ဝင်းခန့်မိုး၏ ရင်ခုန်စကားသံများကို မေးမြန်းခဲ့ရာ-

 

“ကျွန်တော် အလွန်ရင်ခုန်ပါတယ်၊ စိတ်တွေလည်း လှုပ်ရှားနေပါတယ်၊ စိတ်ကတော့ ကျွန်တော် ငယ်ငယ်ကတည်းက ရုပ်ရှင်မင်းသား ဖြစ်ချင်တယ်၊ ရုပ်ရှင်မင်းသားဖြစ်ပြီးမှ အကယ်ဒမီ ရမယ်ဆိုတာ ကျွန်တော့်ရဲ့ ဒုတိယ အိပ်မက်ပါ၊ အခုလို ကူညီခွင့်ရတဲ့အတွက် ကျွန်တော် တအားလည်းပျော်တယ်၊ တကယ်လည်း ဂုဏ်ယူပါတယ်၊ ပြီးတော့ ကျွန်တော်ကအခုမှ ဒီနယ်ပယ်ထဲကို ဝင်လာတာဆိုတော့ အင်တာဗျူးတွေရော၊ အားလုံးက အသစ်အဆန်းတွေချည်း ဖြစ်နေတယ်၊ အဘွားကတော့ ကျွန်တော့်ကို အများကြီး ပြင်ဆင်ခိုင်းထားပါတယ်၊ ညဆိုရင်စောစောအိပ်၊ မနက်စောစောထ၊ နေကောင်းအောင် နေဖို့ ပြောပါတယ်” ဟု ပြောသည်။ 

 

MDN