ရုပ်ရှင်အတတ်ပညာဆု တစ်ဆုဖြစ်သည့် ရုပ်ရှင်အသံထူးချွန်ဆုကို သိန်းအောင် ဆွတ်ခူး

ရန်ကုန် ၂၃ မတ်

 

၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားပေါင်း ၅၃ ကားအနက် ရုပ်ရှင်အတတ်ပညာဆု တစ်ဆုဖြစ်သည့် ရုပ်ရှင်အသံထူးချွန်ဆုကို သိန်းအောင်က ထာဝရအမေဇာတ်ကားဖြင့်  ဆွတ်ခူးရရှိခဲ့သည်။

 

 

အသံပညာရှင် သိန်းအောင်သည် ထာဝရအမေဇာတ်ကားတွင် အသံများကို အနိမ့်အမြင့်၊ အတိုးအကျယ်၊ သဘာဝအသံများကို ရောနှောရာတွင် စနစ်တကျရှိလှပြီး တကယ့်သဘာဝသံများနှင့် ထပ်တူကျအောင် ဖန်တီးထားနိုင်ကြောင်း သိရသည်။

 

 

အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဦးအေးမြင့်က ဖွင့်ဖောက်ကြေညာပေးခဲ့ခြင်းဖြစ်သည်။

 

 

အဆိုပါအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိသည်။

 

MDN