ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုအတွက် ရွှေကြယ် ၁၃ ခု မှာတယ်ဆိုတော့ ၂၀၁၇ အတွက် အကယ်ဒမီ ၁၃ ဆု ပေးမယ်လို့ ရည်ရွယ်ထားသလား

မန္တလေး ၁၈ မတ် 

ယခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ရွှေစင်ရုပ်ထုမှာပါဝင်သည့် ရွှေကြယ်ကို အောင်သမာဓိရွှေဆိုင်မှ စပွန်ဆာပေးမည်ဖြစ်ကြောင်း သိရသည်။

အဲဒီရွှေကြယ်ကို ၁၅ ပဲရည် ရွှေနဲ့ လုပ်ဆောင်သွားမှာလို့ အောင်သမာဓိ ရွှေပန်းတိမ်နှင့် ရွှေသန့်စင်လုပ်ငန်းမှ အရောင်းမြှင့်တင်ရေး မန်နေဂျာ ဒေါက်တာ သက်သက်ဇင် စပြောတာကတော့ “ရွှေစင်ရုပ်ထု ၁၃ ခုအတွက် ရွှေကြယ် ၁၃ ခုကို စပွန်ဆာပေးမှာပါ။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ တစ်ဖက်တစ်လမ်းက ပါဝင်တဲ့အနေနဲ့ Forever Group နဲ့ ပူးပေါင်းကူညီဖြစ်တာပါ။ ရွှေကြယ် ၁၃ ခုအတွက် ငွေကျပ်သိန်း ၆၀ဝ ခန့် ကုန်ကျမှာဖြစ်ပါတယ်"လို့ ဒေါက်တာ သက်သက်ဇင် က ပြောပါတယ်။

ရွှေကြယ်တစ်ခုမှာ ရွှေအလေးချိန် ၅ ကျပ်သားပါရှိကြောင်း သိရပါတယ်။

DV 5 ရုပ်ရှင်ထုတ်လုပ်ရေး မန်နေဂျာ ဦးငယ်လေး ကတော့ “အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ထူးချွန်ဆု ၁၂ ဆုပဲပေးမယ်လို့ သူ့အနေနဲ့ ကြားကြောင်း” MDN ကို ပြောဆိုပါတယ်။

"ထူးချွန်ဆု ၁၁ ဆု၊ တစ်သက်တာဆု ၁ ဆု ပေးမယ်ကြားတယ်။ တစ်ခုကတော့ အပိုထားတာလည်း ဖြစ်နိုင်တယ်"ဟု ဦးငယ်လေးမှ ဆိုသည်။

၂၀၁၆ ခုနှစ်ကပြုလုပ်သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင်လည်း ရွှေကြယ် ၁၂ ခုကို အောင်သမာဓိက စပွန်ဆာပေးခဲ့ပေမယ့် တကယ်ပေးခဲ့တာကတော့ ၁၀ ဆု ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုကို ၁၉၅၂ ခုနစ်ကတည်းက စတင်ပေးအပ်လာခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

အိမို့မို့ခိုင်