ရုံးပိတ်ရက်သုံးရက်အတွင်း ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွား ဘုရားဖူးများဖြင့်စည်ကား

ပုဂံ-ညောင်ဦး ၆ ဇန်နဝါရီ

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးပိတ်ရက်သုံးရက်အတွင်း ပြည်တွင်းဘုရားဖူးခရီးသွားများ ရုံးသုံးရက်ပိတ်သည့်အတောအတွင်း အမြောက်အများ လာရောက်လည်ပတ်ကြကြောင်းနှင့် သမိုင်းဝင်နာမည်ကျော် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းခရီးသွား ဘုရားဖူးများ လာရောက်မှုများပြားလျက်ရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အလွန်ရှေးကျလှသည့် ရှေးဟောင်းဘုရား၊ ပုထိုး ၊ သာသနိကအဆောက်အအုံ သုံးထောင်ကျော် ကျန်ရှိနေသေးကြောင်းနှင့် ပြည်တွင်းဘုရားဖူးဧည့်သည်များ ရှေးဟောင်းဘုရား၊ ဂူပုထိုးများတွင် ရေးထိုးထားသည့် နံရံဆေးရေးပန်းချီများ၊ ရှေးကျလွန်းလှသည့် ဗိသုကာလက်ရာများနှင့် ပုဂံရှေးဟောင်းနယ်မြေအတွင်း ဘုရားပုထိုးမြောက်များစွာရှိပြီး တစ်ဆူနှင့်တစ်ဆူ၊ လှိုင်ဘုရားများတွင်လျှင် မတူညီသည့် တည်ဆောက်ပုံ၊ တည်ထားပုံများအား လေ့လာဖူးမြှော်ရသည့် ပုဂံဒေသသို့ ဘယ်နှစ်ခေါက်ရောက်ရောက် လေ့လာကြည့်ရှုမှတ်သားရသည်များ အားရသည်မရှိကြောင်း နတ်မောက်မြို့ဘုန်းတော်ပြည့် ကျေးရွာမှ ဘုရားဖူးလာရောက်သည့် ဦးသန်းဝင်းထွန်း က ပြောကြားသည်။ ပုဂံဒေသသည် ပြည်တွင်း ဘုရားဖူးခရီးသွားများအပြင် ပြည်ပဧည့်သည်များလည်း အမြဲမပြတ်လာရောက်လျက်ရှိရာ ရောက်ရှိ လာသူတိုင်း အလွန်ကျယ်ဝန်းပြီး တစ်နေရာထဲနှင့်စုစုစည်းစည်း ရှေးဟောင်းအဆောက်အဦများ တွေ့ရှိရသည်မှာ အံ့ဩစရာကောင်းကြောင်း ပုဂံ-ညောင်ဦးနှင့် မနီးမဝေးတွင်လည်း ပုပ္ပား/တောင်က လပ်ရှိနေသေးရာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာသင့်သည့် နေရာဖြစ်ကြောင်း ပြင်သစ် ဧည့်လမ်းညွှန် မစိုးစိုးအောင်မှတဆင့် ပြင်သစ်နိုင်ငံသားများက ပုဂံဒေသ၏ကျယ်ဝန်းပြီးရှေးဟောင်း အဆောက်အအုံများ နီးနီးကပ်ကပ်တည်ရှိနေပုံအား ပြောကြားသည်။

 

ရုံးသုံးရက်ပိတ်သည့် ကာလအတွင်း သမိုင်းဝင်နာမည်ကြီးဘုရားများတွင် ပြည်တွင်းဘုရားဖူး ဧည့်သည်များဖြင့် စည်းကားနေကြောင်းနှင့် သာမန်အချိန်မှာပင် ခရီးသွားမပြတ်သည့် ပုဂံဒေသတွင် ရုံးပိတ်ရက်သုံးရက်အတွင်း ဘုရားဖူးများဖြင့် စည်ကားနေကြောင်း ရွှေစည်းခုံးဘုရားဂေါပက အဖွဲ့ထံက သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း