ရပ်ထားသော သုံးဘီးဆိုက်တွဲယာဉ်ကို ဆိုင်ကယ်က နောက်မှဝင်တိုက်မိ၍ လူနှစ်ဦးသေဆုံး

မြင်းမူ  ၃  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီး ရပ်ထားသည့်(၃)ဘီး ဆိုက်တွဲယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်က နောက်မှဝင်တိုက်မိ၍ လူသေဆုံးမှု ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီး  မိုင်တိုင်အမှတ်  ၄၅/၄ နှင့် ၄၅/၅ အကြား  ဘီးပေါက်၍ လမ်းဘေးတွင် ရပ်ထားသည့်  (၃)ဘီးယာဉ်ကို မန္တလေးမှမုံရွာဘက်သို့ ယာဉ်မောင်း မင်းထက်(၁၈)နှစ် မောင်းနှင်ပြီး  နောက်မှ ဟန်မျိုးကိုကို လိုက်ပါလာသော ဆိုင်ကယ်မှ အရှိန်ပြင်းစွာဝင်တိုက်မိခြင်း ဖြစ်ကြောင်း ယာဉ်ကို ဝင်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ(၂)ဦး ရရှိသောဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းမူမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

 

 အောင်စိုးဖေ(မြင်းမူ)