ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး အသိပညာပေးသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး အသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန ရုံးအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါ အခမ်းအနားတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြူလှက သင်တန်းမှ ပို့ချသင်ကြားလိုက်သော ပညာရပ်များကို သေချာလိုက်နာ သင်ကြားစေလိုကြောင်း၊ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝစေရန် သင်ကြားပို့ချရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ဗဟိုစာရင်းအင်း အဖွဲ့ဦးစီးအရာရှိ ဒေါ်ဝင့်ဆွေရည်မှ သင်ကြားပို့ချသွားမည့် အကြောင်းအရာများ ရှင်းလင်းပြောကြားပြီး သိရှိလိုသည်များ မေးမြန်းနိုင်ကြောင်း ပြောကြားသည်။ သင်တန်းတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တာဝန်ခံများ စုစုပေါင်း (၂၄၁)ဦး တက်ရောက်ကြပြီး  တစ်ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သက်လွင်စိုး(ပြန်/ဆက်)