ရပ်စောက်မြို့နယ်၌ သစ်နှင့် သစ်စက်ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ် ၂ စီးနှင့် လက်နက်/ခဲယမ်းများ သိမ်ဆည်းရမိ

နေပြည်တော်  ၂၃  မေ

 

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းသစ်တောကြိုးဝိုင်းအနီး တောအတွင်း၌ တရားမဝင် သစ်ထုတ်လုပ်နေကြောင် သတင်းအရ မေ ၂၁ ရက်တွင် အမှတ်(၂၉၂)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး စိုးဝဏ္ဏအောင် ဦးစီးသည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ရင်ဂို(၄၁)နှစ်ပါ ၇ ဦးတို့အား အင်ဂျင် ၁ လုံး၊ လွှဝိုင်း ၂ ချပ်၊ ပူလီနှင့် ရှပ်တန်းတွဲလျက် ၁ ခု၊ ဒိုင်နမို ၁ လုံး၊ အင်သစ်ခွဲသား ဆိုဒ်စုံ ၅၇ တန်ခန့်၊ အင်သစ်လုံး ၁၁ လုံး၊ ယာဉ် ၂ စီး၊ 18TM-4902 နံပါတ်ပါ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်တို့နှင့်အတူ တွေ့ရှိခဲ့ပြီး ကျော်မင်းပါ ၉ ဦးတို့မှာ ထွက်ပြေးသွားသဖြင့် ရင်ဂိုပါ ၁၆ ဦးတို့အား အင်တောနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)