ရန်ပြေမာန်ပြေ အောင်စကြ်ာစေတီတော်မြတ်ကြီး၏ (၄၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ကျင်းပ၊ ဘုရားဖူးပြည်သူများဖြင့် စည်းကား

ဘိုကလေး   ၁၃  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြ်ာစေတီ တော်မြတ်ကြီး၏ (၄၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား ယမန်နေ့ ညပိုင်းမှစတင်၍ ကျင်းပခဲ့ရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။

 

၂

 

"ကျွန်တော်က ဘိုကလေးမြို့သားတစ်ဉီးပါ၊ အခြားအရပ်ဒေသမှ ဝမ်းရေးအတွက် အလုပ်လုပ်ကိုင် နေပါတယ်၊ ဒါပေမဲ့ ယခုလို သီတင်းကျွတ်ကာလ ရောက်လာရင် မိမိမြို့ရဲ့ ဘုရားပွဲတော်ကို မပြန်လာပဲ မနေနိုင်ပါဘူး၊ ကျွန်တော်နဲ့အတူ အခြားဒေသက မိတ်ဆွေတွေပါ ဘိုကလေးမြို့ရဲ့ တာဝတိံသာ ဘုရားပွဲတော်ကို လိုက်ပါဖူးမြော်ဖို့ အတူပါလာပါတယ်" ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

 

၂

 

အဆိုပါ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်တွင် ဇာတ်သဘင်များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ၊ ဈေးဆိုင်တန်းများ၊ ချားရဟတ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

၃

 

မိုးစက်(ဘိုကလေး)