ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ စာစစ်ဆောင်များအား အိုဇုန်းငွေ့အသုံးပြုပြီး ပိုးသတ်ဆေးဖျန်း

ကမာရွတ် ၁ ဇွန်

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ စာစစ်ဆောင်များအား ဇွန် ၁ ရက် နံနက်ပိုင်းက COVID-19 ရောဂါ ကာကွယ်ရေးအတွက် အိုဇုန်းငွေ့ အသုံးပြုပြီး ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ရန်ကုန်တက္ကသိုလ်အတွင်း ဆေးဖျန်းခြင်းနှင့် စာသင်ခန်းများအတွင်း အိုဇုန်းစက်တင်ဆင်ကာ ပိုးသတ်ဆေးဖျန်းခြင်းကို ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဒေါ်သန်းသန်းဌေးနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ အိုဇုန်းငွေ့အသုံးပြု ဆောင်ရွက်ခဲ့ကြောင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းကို NCV က ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)