ရန်ကုန်တက္ကသိုလ်ပြတိုက်အတွက် သမိုင်းဝင်ပစ္စည်းများ လှူဒါန်းနိုင်

ရန်ကုန် ၁၃ မတ်

 

ရန်ကုန်တက္ကသိုလ် ပြတိုက်ကော်မတီသည် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ပွဲတော်၌ ရန်ကုန်တက္ကသိုလ်ပြတိုက် စတင်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော သမိုင်းဝင် ပစ္စည်းများဖြစ်သည့် စာရွက် စာတမ်းများ၊ စာအုပ်၊ စာစောင်၊ မဂ္ဂဇင်းများ၊ ဓာတ်ပုံများ၊ ပန်းချီကားများ၊ ရုပ်ရှင်များ၊ ဗီစီဒီ/ဒီဗီဒီများ၊ ဓာတ်ပြားများ၊ ဘွဲ့ဝတ်စုံများ၊ ဘွဲ့လက်မှတ်များ နှင့် ဆုတံဆိပ်များ(ပညာရည်ချွန်/ အားကစား)စသည့် အထောက်အထားများကို ရှာဖွေ စုဆောင်းလျက်ရှိသည်။

 

အဆိုပါ သမိုင်းဝင်အထောက်အထားများကို ခေတ္တငှားရမ်းခြင်းနှင့် အပြီးအပိုင် လှူဒါန်းခြင်းတို့ဖြင့် ဝိုင်းဝန်းကူညီပေးကြရန်နှင့် ထိုသို့ငှားရမ်းခြင်း၊ လှူဒါန်းခြင်းတို့ကို ဒေါ်ဆွေဆွေအောင် ဌာနမှူး စီမံ/ဘဏ္ဍာဌာန ရန်ကုန်တက္ကသိုလ် ဖုန်း ဝ၁-၇၅၀၅၆၁၂ နှင့် ဒေါက်တာလှိုင်လှိုင်ကြီး ဌာနမှူး(စာကြည့်တိုက်) တက္ကသိုလ်များဗဟိုစာကြည့်တိုက် ဖုန်း ဝ၁-၇၅၃၅၈၄၇ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်