ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ်စဉ် သောကြာနေ့ညတိုင်းပြသမည်

နေပြည်တော် ၄  နိုဝင်ဘာ

 

ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်းအပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ နိုဝင်ဘာ ၆ ရက်ညတွင် ပွဲစဉ် (၄)အဖြစ် ဂီတမှူး စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ခင်မောင်ကြီး၊ စန္ဒရားဘသန်းတင်၊ မိုးထက်မြင့်၊ ဘုန်းသစ်၊ ခင်ညွန့်ရည်၊ နှင်းရည်သန့်၊ စိမ်းလဲ့လဲ့၊ စိမ့်နေခြည်၊ သွန်း၊ အိုပြည့်ရှင်၊ အေးမြဖြူ၊ ဆုမြတ်ထက်တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

အဆိုပါတင်ဆက်ခဲ့မှုကို နိုဝင်ဘာ (၈)ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၁၀)နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည် ထုတ်လွှင့်ပြသမည်ဖြစ်ပါကြောင်း သိရသည်။

သတင်းစဉ်