ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင် အထိမ်းအမှတ်  တက္ကသိုလ်အငြိမ့်အဖွဲ့များ ဂုဏ်ပြုဖျော်ဖြေမည်

ရန်ကုန် ၅ နိုဝင်ဘာ

 

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်၊ ရာပြည့်သဘင်အား ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်အငြိမ့်အဖွဲ့များ၏ ဖျော်ဖြေပွဲများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်တင်ဆက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ အထူးဂရုပြုပြီး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ဖျော်ဖြေတင်ဆက်မှုများကို ရန်ကုန်တက္ကသိုလ် (ကံ့ကော်မြိုင်အငြိမ့်အဖွဲ့) က နိုဝင်ဘာ ၇ ရက်၊ ဒဂုံတက္ကသိုလ်အငြိမ့်အဖွဲ့က နိုဝင်ဘာ ၁၄ ရက်၊ မန္တလေးတက္ကသိုလ် အငြိမ့်အဖွဲ့က နိုဝင်ဘာ ၂၁ ရက်နှင့် မြိတ်တက္ကသိုလ်အငြိမ့်အဖွဲ့က နိုဝင်ဘာ  ၂၈ ရက်တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။

 

ထိုသို့ထုတ်လွှင့်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် MRTV Facebook Page တို့မှ နိုဝင်ဘာ  ၇ ရက်မှစတင်၍ နိုဝင်ဘာ  ၂၈ ရက်ထိ အပတ်စဉ် စနေနေ့ ည ၈ နာရီသတင်း အပြီးတွင် ထုတ်လွှင့်မည်ဖြစ်သကဲ့သို့ ၎င်းနောက် အပတ်စဉ် ဗုဒ္ဓဟူးနေ့ ည ၈ နာရီ သတင်းအပြီးတွင်လည်း ပြန်လည်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်