ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ 

နေပြည်တော် ၁၈ ဇွန်

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဇွန် ၁၄ ရက်မှ ၁၆ ရက်အတွင်း သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီး၊ လှည်းကူးမြို့အထွက် Toll Gate နေရာ၌ FUSO (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်သတီ/သင်္ဂတူခွဲသား (၇ဒသမ ၁၅၄၈)တန်နှင့် ပြစ်မှုကျူးလွန်သူ (၁)ဦးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်) ကားလမ်း(၁၆)မိုင် စစ်ဆေးရေးစခန်း (အတက်)နေရာတွင် (၁၂)ဘီး ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၆ဒသမ ဝ၉၃၀) တန်နှင့် ပြစ်မှုကျူးလွန်သူ (၁)ဦးအားလည်းကောင်း၊ ထို့အတူ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်၊အလယ်)ကားလမ်း၊ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် Hyundai Starex ယာဉ်ပေါ်မှ တရားမဝင်နံ့သာဖြူ (၁၄၁)ပိဿာ၊ ပြစ်မှုကျူး လွန်သူ (၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။  

(သတင်းစဉ်)

 

3