ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး တွံတေး တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းနှင့် အမျိုးသမီး ပြုစုစောင့်ရှောက်ရေး စခန်းတို့ကို စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စန္ဒာသွယ်သည် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးအဖွဲ့မှူး ဒေါ်နွဲ့နွဲ့ဦး၊ ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး ဒေါ်မိမိခိုင်နှင့် တွံတေးမြို့နယ် တရားသူကြီးတို့ နှင့်အတူ ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ် တောကြီးတန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းနှင့် အမျိုးသမီးပြုစုစောင့်ရှောက်ရေးစခန်းတို့ကို သွား ရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးသည် စခန်းရှိ အကျဉ်းသားများနှင့်တွေ့ဆုံ၍ ဥပဒေပါအခွင့်အရေးများ ခံစားရရှိခွင့်ရှိ၊မရှိ၊ ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးမှုအတတ်ပညာသင်ကြားပေးမှုများကို ဆွေးနွေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။

 

(သတင်းစဉ်)