ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွား

ရန်ကုန် ၂၇ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ဇွန် ၂၆ ရက် မွန်းလွဲ နာရီ ၄၅ မိနစ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ငါးထပ်ကြီး(တောင်) ရပ်ကွက်ရှိ နေအိမ်ခြံစည်းရိုး အုတ်တံတိုင်း ခု ပြိုကျပျက်စီးခဲ့ပြီး အဆိုပါနေအိမ်အပြင်ဘက်တွင် ဆော့ကစားနေသည့် အဆိုပါရပ်ကွက်နေ မသွန်းရတီဇော် ()နှစ် ()လအား အုတ်တံတိုင်း ပိမိကာ ဒဏ်ရာများရရှိခဲ့ကြောင်း။

 

အလားတူ တာမွေမြို့နယ်၌ မွန်းလွဲ နာရီ ၅၀ မိနစ်က မိုးသက်လေပြင်းတိုက်ခတ်ပြီး ရေတိုက်စားမှုကြောင့် နတ်မောက်ရပ်ကွက်ရှိ စာသင်ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ခု ပြိုကျပျက်စီးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း။

 

ထို့အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၌ မွန်းလွဲ နာရီ ၁၅ မိနစ်က မိုးသက်လေပြင်းတိုက်ခတ်ပြီး သစ်ကိုင်းကျိုးကျ ပိမိမှုကြောင့် ကူးတို့ဆိပ်ရပ်ကွက် စီးပွား/ကူးသန်းဝန်ကြီးဌာန နေအိမ်လိုင်းခန်း အမှတ်()ရှေ့၌ တပ်ဆင်ထားသည့် အိမ်သုံးလျှပ်စစ် မီတာပုံး ခု ပြုတ်ကျခဲ့ရာ လျှပ်စစ်မီး ယာယီပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား