ရန်ကုန်တိုင်းဒေသကြီး စားနပ်ရိက္ခာဖြည့်တင်းရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်  ၁၀  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး စားနပ်ရိက္ခာဖြည့်တင်းရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း ဆပ်ကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စားနပ်ရိက္ခာဖြည့်တင်းရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း ဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို စားနပ်ရိက္ခာ ဖြည့်တင်းထောက်ပံ့နိုင်ရေး အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် (အခြေခံပစ္စည်း ၅ မျိုး) ဝယ်ယူစုဆောင်းနိုင်ရေးနှင့် စနစ်တကျဖြန့်ဝေထောက်ပံ့နိုင်ရေး ဆွေးနွေးကြသည်။

 

ညှိနှိုင်းအစည်းအဝေးတွင်  ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ဆေးရုံသုံးပစ္စည်းများနှင့် ဆက်စပ်လုပ်ငန်းကိစ္စများအတွက် အသုံးပြုရန် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ ငွေကျပ် ၅၈,၇၃၃,၀၈၀၊ Paing Family International Co,Ltd မှ ငွေကျပ် ၁၄၂,၉၄၄,၅၇၈ ကျပ်၊ Myanmar Thilawa SEZ Holdings Public Co,Ltd မှ ငွေကျပ်သိန်း ၅၀,၀၀၀,၀၀ဝိ/- ၊ ရန်ကုန် ခရစ်ယာန်အသင်းတော်များ ကောင်စီမှ ငွေကျပ်သိန်း ၂,၆၀၀,၀၀ဝိ/- လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်