ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ရန်ကုန်တက္ကသိုလ်များဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများနှင့် အဟာရဖြည့်စွက် အစားအစာများ ပေးအပ်လှူဒါန်း

ကမာရွတ် ၁၁ မေ  

  

ယနေ့ နံနက် ၉ နာရီက ကမာရွတ်မြို့နယ်  ၉ ရပ်ကွက်  တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်များဆေးရုံသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ Examination Glove ၊ Surgical Mask ၊ Hand Gel ၊ Non-Contact Thermometer ၊ လက်သန့်ဆေးရည်တို့နှင့်  ဖြည့်စွက် အစားအစာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး လှူဒါန်းသည့် ပစ္စည်းများ ပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

လှူဒါန်းမှုအတွက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိမ်း(ပြန်/ဆက်)