ရန်ကုန်ပညာရေးတက္ကသိုလ်ပညာရေးဘွဲ့(B.ED) စာပေးစာယူ (၂)နှစ်သင်တန်းခေါ်ယူ

နေပြည်တော် ၁၉ ဒီဇင်ဘာ

 

ရန်ကုန်ပညာရေးတက္ကသိုလ်မှ B.Ed ပညာရေးဘွဲ့ စာပေးစာယူ (၂) နှစ်သင်တန်းကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီးလျှောက်လွှာများကို ၂၈-၁၂-၂၀၁၇ ရက်နေ့ နောက်ဆုံးထား တင်သွင်းလျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာ ဝဘ်ဆိုဒ်တွင် ရေးသားချက်အရသိရှိရသည်။

 

ဖြေဆိုလိုသောသူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများတွင် လျှောက်လွှာများ  ထုတ်ယူနိုင်ပြီး ၂၈-၁-၂၀၁၈ ရက်နေ့ နံနက်၉နာရီမှ၁၂နာရီအထိ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည် ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ပညာရေးဝန်ကြီးဌာန ဝဘ်ဆိုဒ် www.moe.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

MDN